၁၄ ဇွန် ၂၀၂၄ - ၁၁:၀၉
အီရန်သည် ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် ကြီးမားသောအောင်မြင်မှုရရှိ ၊ ကင်ဆာဆေး ၅ မျိုး ထပ်မံပြသနိုင်ခဲ့

ကင်ဆာရောဂါကို ကုသရန်အတွက် ရှာဖွေတွေ့ရှိသည့် ဆေးဝါးငါးမျိုး မိတ်ဆက်ပွဲအခမ်းအနားကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ဂီလာန် ပြည်နယ် ဆေးကုမ္ပဏီတွင် ကျင်းပခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာနမှ သတင်းထောက်၏ ပြောကြားချက်အရ အီရန်သည် ဆေးပညာနယ်ပယ်တွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ပြီး ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များအရ Barkat Pharmaceutical Group မှ သိပ္ပံပညာရှင်များသည် နေ့ရောညပါ အလုပ်လုပ်ပြီးနောက် အန္တရာယ်ရှိ ကင်ဆာရောဂါအတွက် ဆေးငါးမျိုးကို ထပ်မံရှာဖွေတွေ့ရှိခဲ့နိုင်ကြောင်း ဖြစ်ပါ တယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ဂီလာန် ပြည်နယ် ၏ ဗဟိုဖြစ်သော ရရှ်သ် တွင် အသစ် တီထွင် ထားသော ဆေးဝါးမိတ်ဆက်ပွဲ အခမ်းအနားကို ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားအဆင့်မြင့် အရာရှိများ ရှေ့တွင် ကျင်းပခဲ့ပါတယ်။

အသစ်တီထွင်ထားသောဆေးဝါးများထဲတွင် အဆုတ်ကင်ဆာအတွက် "Asimertinib"၊ ဆီးကျိတ်ကင်ဆာအတွက် "Inzolotamide" နှင့် သားအိမ်ကင်ဆာအတွက် "Caspofungin" တို့ဖြစ်ပါတယ်။

သတိပြုသင့်သည်မှာ ဂီလာန် ပြည်နယ်သည် အီရန်နိုင်ငံ တွင် ဝယ်လိုအားများသော ကင်ဆာဆေးများ ထုတ်လုပ် သည့် အတွက် ကျော်ကြားပါတယ်။

.......................................................

END / 251