အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကျွန်ုပ်တို့ သက်ဝင်ယုံကြည်သည်မှာ - အရှင်မြတ်၏ ဇာတိတော် သည် ဘက်စုံထောင်စုံ မှ အဆုံးမရှိသည့် အရှင်သခင်ဖြစ်တော်မူပေသည်။ ပညာအရပင်ဖြစ်စေ စွမ်းအင်၊ အင်အားအရ ဖြစ်စေ ၊ ထာဝရ ၊အနိစ္စမဲ့ သည့် အရှင်ဖြစ်တော် မူ၏။ ဤသက်သေ အထောက်အထား ကြောင့် လည်း အချိန် အားဖြင့်လည်းကောင်း၊ နေရာ အားဖြင့် လည်းကောင်း ဝန်းရဲ၍ မရချေ။အကြောင်းသည်ကား အချိန် နှင့် နေရာ သည် ဘယ် အရာ တစ်ခုပဲ ရှိရှိ အဆုံးရှိသည့် အတွက်ကြောင့် ဖြစ်ပါသည်။ သို့သော်လည်း အလ္လာဟ် ဟို အရှင်မြတ် သည် နေရာ တိုင်း ၊ အချိန် တိုင်း ရှိတော်မူပေသည်။ အကြောင်း မှာ အရှင်မြတ် သည် နေရာတိုင်း ၊ အချိန် နှင့် နေရာ အထက်က ( အချိန် နှင့် နေရာ ကို ဖန်ဆင်း ရှင် ) ဖြစ်တော် မူသည့် အတွက် ကြောင့် ဖြစ်ပါသည်။
وَ هُوَ الَّذى فِى السماءِ اله وَ فِى الارْضِ اله وَ هُوَ الْحَكيمُ الْعَليم .
»ထိုဇာတိတော် သည်(အလ္လာဟ်ဟို အရှင်မြတ် ၏ဇာတိတော် ) သည် မိုးကောင်းကင်၌ လည်းကောင်း ၊ ပထဝီ မြေပြင် ၌လည်းကောင်း ဆည်းကပ် ခဝပ် ကိုးကွယ်ရမည့် အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ် သည် ဟကီးမ် (ခ) ဆင်ခြင်တုံ တရား နှင့် လည်း ပြည့်စုံ သည့် အရှင် နှင့် အလီးမ် (ခ) အရာခပ်သိမ်း ကို အကြွင်းမဲ့ သိတော်မူသည့် အရှင် ဖြစ်တော်မူ ပေသည်။ » [1]
وَهُوَ مَعَكُمْ ايْنَما كُنْتُمْ وَ اللَّهُ بِما تَعْمَلونَ بَصير .
» ထိုအရှင်မြတ်သည် အသင်တို့ နှင့် အတူ နေရာတိုင်း တွင် ရှိနေတော်မူ ၏။ အလ္လာဟ်ဟို အရှင်မြတ် သည် အသင်တို့ လုပ်ဆောင်ချက်မှန် သမျှ ကို အကြွင်းမဲ့ သိရှိနေသည့် အရှင်ဖြစ်တော် မူပါသည်။ « [2]
မှန်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ်သခင်သည် ကျွန်ုပ်တို့ ထက်ပင် ပို၍ ကျွန်ုပ်တို့ နှင့် နီးကပ်နေပါသည်။ကျွန်ုပ်တို့ အသက်အထဲတွင် ရှိနေပါသည်။ နေရာတိုင်း တွင် ရှိနေတော်မူ၏။ အမှန်တကယ် နေရာ လိုအပ်တော်မူသည့် အရှင်မဟုတ်ချေ။
وَ نَحْنُ اقْرَبُ الَيْهِ مِنْ حَبْلِ الْوَريدِ.
« ငါအရှင်မြတ် သည် ၎င်းတို့၏ လည်ချောင်း သွေးကြောထက်ပင် ပို၍ နီးကပ်စွာရှီနေပါသည်။ »[3]
هُوَ الاوَّلُ وَ الآخِرُ وَ الظّاهِرُ وَ الْباطِنُ وَ هُوَ بِكُلِّ شَىءٍ عَليم .
« ထိုအရှင်မြတ်သည် အစပထမ နှင့်နောက်ဆုံး အထိ ရှိနေတော်မူမည့် အရှင်ဖြစ်ပေသည်။ ထင်ရှားပြတ်သားစွာ ဖြင့် လည်းကောင်း ၊ကွယ်၍ လည်းကောင်း တည်ရှိနေတော် မူသည့် အရှင်ဖြစ်ပါသည်။ အရာရာတိုင်း ကို အကြွင်းမဲ့ သိရှိတော် မူသော အရှင် ဖြစ်ပါသည်။ »[4]
ဤအတွက်ကြောင့် ကျွန်ုပ်တို့ အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် အတွင်း « . ذُوالْعَرْشِ الَمجيدُ » ၊ « ထိုအရှင်မြတ်သည် ပလ္လင်တော်ပိုင်ရှင် နှင့် ဂုဏ်ကျက်သရေ ကြီးကျယ် မှု၏ ပိုင်ရှင် ဖြစ်တော် မူပေသည်။ »[5] (ဤနေရာ တွင် ပလ္လင်တော် ဆိုသည်မှာ ဘုရင်ထိုင်သည့် ခုံအမြင့် ကို ဆိုလိုခြင်းမဟုတ်ချေ။ ) ဤနည်းတူစွာ အခြား အာယသ်တော် တစ်ပါး ကို သေလာဝသ် ပြုပါမည်။ « . الرَّحْمنُ عَلَى الْعَرْشِ اسْتَوى » ၊ « ရဟ်မန်ဖြစ်တော်မူသည့် အလ္လာဟ် ဟို အရှင်မြတ် သည်ပလ္လင် တော်ပေါ် တွင် စံမြန်း နေတော်မူပါသည်။ » [6] ဆိုလိုချက်အဓိပ္ပာယ် မှာ အရှင်မြတ် အတွက် နေရာ သီးသန့ ရှိသည် ဟူ၍ ဆိုလိုခြင်း လုံးဝ မဟုတ်ပေ။ တစ်နည်းအား ဖြင့် ဤရုပ်ကမ္ဘာလောက အားလုံး နှင့် သဘာဝ အထက်ရှိ လောက အားလုံး အပေါ် အရှင်မြတ် ၏ အာဏာ လွှမ်းမိုးထားသည်ကို သက်သေ ထူလို၍ ဖြစ်ပါသည်။ အကယ်၍ အလ္လာဟ်ဟို အရှင်မြတ် သခင်အား သီးသန့် အထူးနေရာ ပိုင်ဆိုင်သည်ဟု သက်ဝင်ယုံကြည် မည် ဆိုလျင် ထိုအရှင်မြတ် ကို အဆုံးသတ် လိုက်သည် နှင့် တူသွားမည် ဖြစ်ပါ သည်။ အဖန်ဆင်းခံများ ၏ ဂုဏ်အင်္ဂါ သတ္တိကို အရှင်မြတ် အတွက်ပါ သက်သေ ထူရမည် ဖြစ်ပေသည်။ အရှင်မြတ်အား အခြား အရာဝတ္တုများ ကဲ့သို့ သတ်မှတ် ရာရောက်သွားပေမည်။ အမှန်တကယ် (အရှင်မြတ်သည်)
« . لَيْسَ كَمِثْلِهِ شَىء » ၊ « မည်သည့် အရာမျှ အရှင်မြတ် ပမာ မရှိချေ။ »[7]
« . وَ لَمْ يَكُن لَّهُ كُفُواً احَد » ၊ « ထိုအရှင်မြတ် အတွက် မည်သည့် ဂုဏ်ရည်တူ ၊ပမာ တူဟူ၍ မရှိချေ။ »[8]
.......................................................
END / 251
[1] စူရဟ်ဇွတ်ခ်ရိုဖ်၊ အာယသ်တော် အမှတ် ၈၄
[2] စူရဟ်ဟဒီးဒ် ။ အာယသ်တော်အမှတ် ၈၄
[3] စူရဟ်ကာဖ်၊ အာယသ်တော် အမှတ် ၁၆
[4] စူရဟ်ဟဒီးဒ် ၊အာယသ်တော် အမှတ် ၃
[5] စူရဟ်ဘိုရိုဂျ် ၊အာယသ်တော် အမှတ် ၁၅
[6]ကျမ်းတော်မြတ် ကုရ်အာန် ၏ အချို့ အာယသ်တော် များကို အသုံးပြုနိုင်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ် ၏ ထုံခုံတော်သည် မိုးကောင်းကင် အားလုံး နှင့် မြေပထဝီ ပေါ်တွင် တည် ရှိပါသည်။ ဤအတွက်ကြောင့် အရှင်မြတ် ၏ ပလ္လင် တော်သည် လညး ရုပ်ဖြစ်သည့် စကြာဝဠာ အားလုံးကို လွှမ်းမိးထားတော်မူလေသည်။ « . وَسِعَ كُرْسِيُّهُ السَّمواتِ وَ الارْضَ » - စူရဟ် ဘကရဟ်၊ အာယသ်တော် အမှတ် ၂၅၅
[7] စူရဟ်ရှိုရာဟ် ၊ အာယသ်တော် အမှတ် ၁၁
[8] စူရဟ် သောင်ဟီးဒ် ၊ အာယသ်တော် အမှတ် ၄