၁၆ ဇွန် ၂၀၂၄ - ၂၀:၃၀
အရှင်မြတ်သည် ကိုယ်ခန္ဓာ မရှိတော်မူပေ။ လုံးဝဥဿုန် ကြည့် နိုင်မည် မဟုတ် ကြောင်း

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ်မကာရေမိုရှီးရာဇီး ရေးသားထားသည့် « အဲဟ်သေကာဒ် မါ » စာအုပ် မှ အရှင်မြတ်သည် ကိုယ်ခန္ဓာ မရှိတော်မူပေ။ လုံးဝဥဿုန် ကြည့် နိုင်မည် မဟုတ် ကြောင်း ကို စာဖတ်သူ အဗ်နာ ပရိတ်သတ် အတွက် တင်ပြ လိုက်ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျွန်ုပ်တို့ သက်ဝင်ယုံကြည်သည်မှာ - အလ္လာဟ်ဟို အရှင်မြတ် အားမျက်လုံးဖြင့် (မည်သည့်အခါမှ ) လုံးဝဥဿုန် ကြည့်ရှု နိုင်မည် မဟုတ် ပေ။အကြောင်းမှာ မျက်လုံး ဖြင့် ကြည့် နိုင်သည် ဆိုပါက အဓိပ္ပာယ်မှာ အရှင်မြတ် သည် ကိုယ်ခန္ဓာ ရှိတော် မူသည့် အရှင်ဖြစ်သွားပေးသည်။ (ကိုယ်ခန္ဓာ ရှိနေသည့် အတွက် ) နေရာ နှင့်ဒေသ ပြီးနောက် အသွေး အရောင် နှင့် ရုပ်ဆင်း သဏ္ဌာန် ပါရှိလာပေမည်။ ဤအရာများ အားလုံး သည် အဖန်ဆင်းခံများ၏ ဂုဏ်အင်္ဂါ လက္ခဏာများ ဖြစ်ပါသည်။ အလ္လာဟ် ဟို အရှင်မြတ်သခင်သည် ၎င်းအရာများ နှင့် ကင်းစင်တော် မူပါသည်။

ဤအတွက်ကြောင့် အလ္လာဟ်ဟို အရှင်မြတ် သခင်အား မျက်စိ ဖြင့် တွေ့ရမည် ဆိုသော ယုံကြည်ချက်သည် ရှေးရ်က် အမျိုး အစားတစ်ခု ဖြစ်ပါသည်။  « . لا تُدْرِكُهُ الابْصارُ وَ هُوَ يُدْرِكُ الابْصارَ وَ هُوَ اللّطيفُ الْخَبيرُ» ၊ «    မျက်လုံးများဖြင့် အရှင်မြတ် အား မကြည့်နိုင်ပေ။ သို့သော် ထိုအရှင်သည် မျက်လုံးများ အားလုံး ကို ကြည့် နိုင်တော်မူပါသည်။ ထိုအရှင်မြတ်သည် သနားကြင်နာတော် မူသည့် အရှင်၊ အကြွင်းမဲ့ သိတော် မူသည့် အရှင် ဖြစ်ပါသည်။ »[1]

ဤအတွက်ကြောင့်လည်းဘနီအစ္စရာအီးလ် ၏ အကြောင်းမ၇ှိ အကြောင်းရှာအုပ်စု မှ ဟဇရသ် မူစာ (အ.စ) သခင် ထံ မြတ်အလ္လာဟ် ကို ကြည့်နိုင်ဖို့ တောင်းဆိုခဲ့ပါသည်။ ပြီးနောက် ပြောကြသည်မှာ -

   لَنْ نُؤمِنَ لَكَ حَتّى نَرَى اللَّهَ جَهْرَةً .

 « ကျွန်ုပ်တို့သည် လုံးဝ အလျဥ်း အလ္လာဟ် ဟို အရှင်မြတ် အား ထင်ထင် ရှားရှား ပြတ်ပြတ် သားသား မျက်ဝါး ထင်ထင်  မဖူးရသ၍ အီမာန် သက်ဝင် ယုံကြည်မည် မဟုတ်ချေ။ »[2] ဟဇရသ် မူစာ (အ.စ) သည် ၎င်းတို့အား သူရ် တောင်ပေါ်သို့ခေါ်သွားပြီး ၎င်းတို့၏ တောင်းဆို ချက်ကို (အလ္လာဟ်ထံဝယ် ) ပြန်ကျော့ခဲ့လေသည်။ အလ္လာဟ်ဟို အရှင် မြတ် ဘက်တော်မှ ဤကြံသို့ အဖြေကို နားကြားရလေ၏။

 

لَنْ تَرانى وَلكِنِ انظُرْ الَى الجَبَلِ فَانِّ اسْتَقَرَّ مَكانَهُ فَسَوْفَ تَرانى فَلَمّا تَجَلّى رَبُّهُ لِلْجَبَلِ جَعَلَهُ دكّاً وَ خَرَّ مُوسى صَعِقاً فَلَمّا افاقَ قالَ سُبْحانَكَ تُبْتُ الَيْكَ وَ انَا اوَّلُ الْمُؤمِنينَ  .

« ငါအရှင်မြတ်အား အသင်တို့ လုံးဝအလျဉ်း ဖူးမျှော် ကြရမည် မဟုတ် ချေ။ သို့ရာတွင် အသင်တို့ အနေဖြင့် တေ,င်းဆိုကြည့်ပါလေ။ အကယ်၍ ထို(တောင်သ်) မိမိနေရာတွင် တည်ငြိမ်စွာ ရှိနေမည်ဆိုလျက် ကျွန်ုပ်အား ဖူးမျှော် နိုင်မည် ဖြစ်ပါသည်။ အကြောင်းမှာ အသင်တို့ ၏ အလ္လာဟ်ဟို အရှင်မြတ်သည် တောင်ပေါ် တွင် ဘုန်းတော်အား ထင်ရှားပြလေသည်။ ဘုန်းတော် ကြောင့် တောင်သည် အစိတ်စိတ် အမွှာ မွှာ ဖြစ်သွားလေ၏။ ဟဇရသ် မူစာ (အ.စ) လည်း သတိလစ်၍ မြေပြင်ပေါ်သို့ လဲကျသွားတော် မူလေ၏။ တဖန် ဟဇရသ် မူစာ (အ.စ) သတိပြန်လည်၍ ရရှိလာသည့် အခါ လျှောက်ထားလေ၏။အိုအလ္လာဟ် ဟို အရှင်မြတ် သခင် ၊ သခင်သည် မျက်စိ ဖြင့် ကြည့်နိုင်ခြင်း မှ သန့်စင်တော်မူသည့် အရှင် ဖြစ်တော်မူ ပါ သည်။ကျွန်တော်မျိုးအရှင်မြတ်ထံ ဝယ် ဝန်ချတောင်းပန်ပါ၏။ ကျွန်တော် မျိုးဟာ မိုမေနီ များထဲတွင် ပထမဦးဆုံး မိုအ်မင် ဖြစ်ပါ သည်။ »[3]

            ဤအဖြစ်အပျက်ကို ထောက်ရှု၍ အလ္လာဟ် ဟိုအရှင်မြတ် သခင်အား လုံးဝအလျဉ်း မျက်စိ ဖြင့် ကြည့် နိုင်မည် မဟုတ်ဆိုတာ သက်သေ ထူပြီးသား ဖြစ်သွားပါသည်။

           

            ကျွန်ုပ်တို့ သက်ဝင်ယုံကြည်သည်မှာ - အကယ်၍ အချို့ အာယသ် တော် များနှင့် အစ္စလာမ်မီ ရီဝါယသ်တော် များ တွင် အလ္လာဟ် ဟို အရှင်မြတ်  သခင်အား  ဖူးတွေ့ ရမည်ဟု လာရှိလျင် ဆိုလိုချက်မှာ နှလုံး သား မျက်စိ နှင့် နာမ်ပိုင်း ဆိုင်ရာ မျက်စိ ကို ဆိုလိုခြင်း ဖြစ်ပါသည်။ အကြောင်း မှာ ကျမ်းတော်မြတ် ကုရ်အာန် အာယသ်တော် များသည် အမြဲ တစ်ခု နှင့် တစ်ခု အကျယ် ဖွင့် ဆိုနေသည့် အတွက်ကြောင့် ဖြစ်ပါသည်။

(القُرآنُ يُفَسِّرُ بَعْضُهُ بَعْضاً).[4]

 

ထိုပြင်ဟဇရသ် အလီ (အစ) ထံ တစ်ဦးတစ်ယောက်မှ -

يا اميرالمؤمنين هَلْ رأيتَ ربَّك.

« အိုအမီးရိုလ် မိုအ်မေနီးန် ၊ လူကြီးမင်း အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် သခင်အား အလျဉ်း တွေ့မြင်ဖူးပါသလား ?  » ဟုမေးမြန်း ရာ ဟဇရသ် အလီ (အ.စ) မှ အဖြေပေးမိန့်ကြားလေ၏။  . اأعْبُدُ ما لا أرى « ကျွန်ုပ် အနေဖြင့် မမြင်ဖူးတဲ့သူကို ခဝပ် ကိုးကွယ်ရမည်နည်း?  »

            ပြီးနောက်ဟဇရသ် အလီ (အ.စ) မှဆက်လက်ပြီး မိန့်ကြား လေ၏။

لا تُدْرِكُهُ الْعُيُونُ بِمُشاهَدَةِ الْعَيانِ، وَلكِنْ تُدْرِكُهُ الْقُلُوبُ بِحَقايِقِ الايمانِ.

 

« မျက်လုံးများ နှင့် အရှင်မြတ် အား လုံးဝအလျဉ်း ထင်ရှားစွာ တွေ့မြင်နိုင် မည် မဟုတ်ချေ။ သို့သော် အီမာန် ၏ အင်အား နှင်ါ အတူ နှလုံးသား မျက်စိ ဖြင့် အရှင်မြတ် အား မြင်နိုင်သိနိုင်ပါသည်။»[5]

ကျွန်ုပ်တို့ သက်ဝင်ယုံကြည်သည်မှာ - အလ္လာဟ်ဟို အရှင်မြတ် သခင် အတွက် အဖန်ဆင်းခံများ၏ ဂုဏ် လက္ခဏာများကဲ့သို့ ၊ ပမာအား ဖြင့် နေရာနှင့် အသွင် ၊ ရုပ်ခန္ဓာ ၊ မျက်စိနှစ်လုံး ဖြင့် တွေ့ မြင် နိုင်ခြင်း တို့ကို သက်ဝင် ယုံကြည်မည် ဆိုလျင် မြတ်အလ္လာဟ်၏ မအ်ရေဖသ် နှင့် ဝေး ကွာ သွားခြင်း နှင့် ရှေးရ်က် တွင် ရောနှော သွားခြင်း ၏ အကြောင်း ခံကို ဖြစ်စေပေမည်။ ဟုတ်ပါသည်။ မှန်ပါသည်။ မြတ် အလ္လာဟ် သည် ဖြစ်နိုင်ခြေ အရာများ အားလုံး နှင့် ၎င်းတို့၏ ဂုဏ် လက္ခဏာ များထက် သာလွန် ပေသည်။ မည်သည့် အရာမှ အရှင်မြတ် ကဲ့သို့ မရှိချေ။

.......................................................

END / 251


[1] စူရဟ် အန်နအာမ်  ၊ အာယသ်တော် အမှတ် ၁၀၃

[2] စူရဟ် ဘကရဟ်  ၊ အာယသ်တော် အမှတ် ၅၅

[3] စူရဟ် အအ်ရာဖ်  ၊ အာယသ်တော် အမှတ် ၁၄၃

[4] ဤဝါကျသည် ကျော်ကြားသည့် ဝါကျ ဖြစ်ပါသည်။ အစ်ဗ်နေအဘာစ် မှတဆင့် ဆင့်ပြန် ချက် လာရှိပါသည်။ ဤဝါကျအား အမီးရိုလ်မိုအ်မေနီးန် ဟဇရသ် အလီ (အ.စ) မှ မိန့်ဆိုပုံ အသွသ် တစ်မျိုးကို နဲဟ်ဂျိုလ်ဗလာဂဟ် အတွင်း တွေ့မြင် နိုင်ပါသည်။ (လာရှိသပုံမှာ )

»انّ الْكتاب يصدّق بعضه بعضاً ...

နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း ခွသ်ဗဟ် အမှတ် ၁၈ ။ အခြားတစ်နေရာတွင် လာရှိသည်မှာ -

«و ينطق بعضه ببعض و يشهد بعضه على بعض»

နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း ခွသ်ဗဟ် အမှတ် ၁၀၃

[5] နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း ခွသ်ဗဟ် အမှတ် ၁၇၉