အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ခရီးသည်တင် ဗင်ကားတစ်စီးကို စွန်နီ အမည်ခံ အစွန်းရောက် စေပါဟ်ဟေဆွဟာဗဟ် အကြမ်းဖက်အဖွဲ့ ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နိုင်ငံသား ရှီအဟ် ၆ ဦး ရှဟီးဒ် ဖြစ် ဒဏ်ရာရ ရှိခဲ့ကြောင်း မီဒီယာသတင်းရင်းမြစ်များက ဖော်ပြပါတယ်။
အစီရင်ခံစာအရ စွန်နီ အမည်ခံ အစွန်းရောက် စေပါဟ်ဟေဆွဟာဗဟ် အကြမ်းဖက်အဖွဲ့ဟာ ပေရှာဝရ် မြို့ ကနေ ပါရာဂျနာရ် မြို့ ကိုသွားမည့် ခရီးသည်တင်ကားတစ်စီးကို တိုက်ခိုက်ခဲ့ရာမှာ ခရီးသည် နှစ်ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
မုဟရမ် လအကြိုနေ့တွင် အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုအတွင်း ရှဟီးဒ် ဖြစ်သူများ နှင့် ဒဏ်ရာရသူများမှာ ပါကစ္စတန်နိုင်ငံ ပါရာချီနာမြို့တွင် နေထိုင်သည့် ရှီအဟ်များဖြစ်ကြပါတယ်။
ပါကစ္စတန် ၏ မြို့များ အသီးသီး တွင် မကြာသေးမီနှစ်များအတွင်း ရှီအဟ်များ အား လူမဆန်စွာ လုပ်ကြံသတ်ဖြတ်မှု အကြိမ်များစွာဖြစ်ခဲ့ပြီး ပါကစ္စတန် နိုင်ငံသား ရှီအဟ် ရာနှင့်ချီပြီး ယခုနှစ်များ အတွင်း အကြမ်းဖက်လုပ်ရပ်များဖြင့် သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။
ပါကစ္စတန်ရှိ ရှီအဟ်များ သည် သက်ဖီးရီ အဖွဲ့များ၏ လှုပ်ရှားမှုများကို ဆန့်ကျင်သည့်အနေဖြင့် ပါကစ္စတန်နိုင်ငံသား များအား ကာကွယ်ရန် နိုင်ငံအစိုးရ၏ ပျက်ကွက်မှုကို အကြိမ်ကြိမ် ကန့်ကွက် ဆန္ဒပြခဲ့ ကြကြောင်း သိရှိရပါတယ်။
.......................................................
END / 251