၂၅ ဇွန် ၂၀၂၄ - ၂၀:၁၁
အီးဒ်‌ဒေ ဂဒီးရ်  အခမ်းအနားတွင် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မိန့်ခွန်းပြောကြား /  အီရန် သမ္မတ သစ် ရွေးကောက်ပွဲတွင် အပြည့်အဝပါဝင်ရန် တိုက်တွန်း

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ ဇွန် ၂၈ ရက် တွင် ကျင်းပမည့် အီရန် သမ္မတသစ် ရွေးကောက်ပွဲမှာ ပြည်သူတွေများ အပြည့်အဝပါဝင်ကြဖို့ တိုက်တွန်း ပန်ကြားခဲ့ပြီး ပြည်သူ လူထု ၏ အများဆုံးပါဝင်မှုသည် အစ္စလာမ့် ဒီမိုကရက်တစ် စနစ်အတွက် နှင့် ပြည်သူ လူထု အနေဖြင့် မိမိကိုယ်ကို ဂုဏ်ယူမှု အတွက် အကြောင်းခံ အကြောင်းပြချက်ကို ဖြစ်စေကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sehar News ၏ အထောက်အထားများ အရ အီးဒ်‌ဒေ ဂဒီးရ်  အခမ်းအနားတွင် လူအများအပြားသည် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆုံခဲ့ ကြပါ တယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ  ဇွန်လ ၂၈ ရက် ရွေးကောက်ပွဲ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး အီရန်ပြည်သူများအနေဖြင့်လည်း ယခုရွေးကောက်ပွဲ တွင် ဂုဏ်ယူဝမ်းမြောက်နေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရဲဟ်ဗရ် မှ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ အများဆုံးပါဝင်မှုအား အလေးပေးပြောကြားခဲ့ပြီး ရွေးကောက်ပွဲတွင် ပြည်သူများ၏ အပြည့်အ၀နှင့် အများဆုံးပါဝင်မှုသည် ရန်သူများကို အနိုင်ယူရန် နည်းလမ်းများကို ပံ့ပိုးပေးသည် ဖြစ်ကြောင်း ရွေးကောက်ပွဲမှာ မဲပေးသူ များနေရင် ရန်သူများ၏ နှုတ်ကို ပိတ်လိုက် ခြင်း ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  မှ ဆက်လက်ပြီး ရွေးကောက်ပွဲမှာ ပြည်သူတွေက အပြည့်အ၀ ပါဝင်ပြီး အကောင်းဆုံး ကိုယ်စားလှယ်လောင်းကို မဲပေးကြဖို့ ပြည်သူတွေကို အကြံပြု တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပြင်ပအင်အားကြီးများနှင့် ဆက်နွယ်မှုကိုလည်း ဆန့်ကျင်ပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် အလ္လာဟ်ဟို အရှင်မြတ် ၏ သောင်ဖီးက်တော် ဖြင့် အခုချိန် ထိ မားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း မည်သည့် ပြင်ပ စွမ်းအား အင်အား များကို အမှီ မပြု ဘဲ တိုးတက်မှု ကို ဆွတ်ခူး ခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ မှ   ဆက်လက်ပြီး အီရန်ပြည်သူများသည် အနာဂတ်တွင် ၎င်းတို့၏ ပြဿနာများကို ပြည်ပနိုင်ငံမှ ဝင်ရောက်စွက်ဖက်ခွင့် ပြုမည်မဟုတ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး သမ္၎တလောင်းများကို မိန်းကြားသည်မှာ မိမိ၏ အရှင် အလ္လာဟ်  နှင့် ကတိပြုရန် မိမိ သမ္မတ အဖြစ် အနိုင် ရ အရွေးခံရလျင် မိမိ ၏ အစိုးရ အဖွဲ့ တွင် သာသနာကို ကိုင်းရှိုင်း ရိုသေ သူများကို ပါဝင်စေမည် ဖြစ်ကြောင်း အစ္စလာမ်မစ် တော်လှန်ရေး ၏ စနစ် နှင့် အေမာမ် ခိုမေနီ (ရ.ဟ) ပြထားသည့် အစ္စလာမ်မစ် တော်လှန်ရေး ၏လမ်းကြောင်း အပေါ် အပြည့်အဝ ယုံကြည်ပြီး လျှောက်မည် ဖြစ်ကြောင်း ဖြစ်ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ သမ္မတ လောင်းများ အား လူကြီးမင်းတို့ အနေဖြင့် သမ္မတ အဖြစ် ရွေးကောက်ခံ မည် ရွေးကောက်ပွဲ တွင် သမ္မ တ အဖြစ် ရွေးကောက်ခံရသည်အခါ မိမိ ၏ အစိုးရ အဖွဲ့ တွင် သာသနာကို ကိုင်းရှိုင်း ရိုသေ သူများကို ပါဝင်စေပြီး အစ္စလာမ်မစ် တော်လှန်ရေး ၏ စနစ် နှင့် အေမာမ် ခိုမေနီ (ရ.ဟ) ပြထားသည့် အစ္စလာမ်မစ် တော်လှန်ရေး ၏လမ်းကြောင်း အပေါ် အပြည့်အဝ ယုံကြည်ပြီး လျှောက်မည်ဟု  မိမိ ၏ အရှင် အလ္လာဟ် ဟို အရှင်မြတ်ထံ ကတိပြုခဲ့မည်ဆိုလျင် မိမိလုပ်ရပ်များသည် ကောင်းမူကုသိုလ် ဖြစ်သွားမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251