အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရဖီးအီ မှ သာသနာ့ ကျောင်းသားများ နှင့် အိုလမာ အကြားတွင် အီးဒ်ဒေ ဂဒီးရ် နှင့် အီးဒ်ဒေ အေမာမ်မသ် နှင့် ဝေလာယသ် ၏ မိုဘာရတ်က် ပြောကြားရင်း အီးဒ် တိုင်းသည် တစ်ခုခု ပြုလုပ်ခဲ့မှု နှင့် တစ်ခုခု ၏ စတင်မှု ကို ပြဆိုနေကြောင်း ပမာ အား ဖြင့် အီးဒ် ဒိုလ်ဖေသွ်ရ် အား ရက်ပေါင်း ၃၀ နှင့် အေဗါဒသ်များ အဆုံးသတ်မှုကြောင့် ပြုလုပ်ကြောင်း အီးဒ်ဒိုလ်အဒွါဟာ အား ဇေလ်ဟဂျ်ဂျဟ် ၁၀ ရက် ပြီးနောက် မီနာ နှင့် အဲဟ်ရာမ် မှ ဟာဂျီများ ပြီးမြောက်ပြီး နောက် ပြုလုပ်ကြောင်း ယုတ်စွာ အီးဒ် ဒေ နောင်ရူးဇ် သည်လည်း ဆောင်းရာသီ ပြီးနောက် နွေဦးအစ တွင် ပြုလုပ် ကြောင်း မိန့်ကြားခဲ့ပါတယ်။
ပြီးနောက် H.I ရဖီးအီ မှ ဆက်လက်ပြီး ဂဒီးရ် နေ့ ၏ အရေးကြီးမှုကို ထောက်ပြပြီး နဘီတမန်တော်မြတ် များ (အ.စ) အားလုံး သည်ဤနေ့ တွင် ဂျရှ်န် ပြုလုပ်ခဲ့ ကြပြီး ဝမ်းမြောက် ပျော်ရွှင် ကြခဲ့ကြောင်း အီးဒ်ဒေဂဒီးရ် နှင့် အီးဒ်ဒိုလ်အဒွါဟာ နှင့် အီးဒ် ဒိုလ်ဖေသွ်ရ် ၏ ပတ်သက်မှု သည် လမင်းစန္ဒာ နှင့် ၎င်း၏ လင်းရောင်ခြည် များ ကဲ့သို့ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဟောင်ဇေအေလ်မီယေ ၏ ဆရာမှဆက်လက်ပြီး အလ္လာဟ်ဟို အရှင်မြတ် သည် ကျမ်းတော်မြတ် ကုရ်အာန် ၏ နေရာ လေး နေရာ တွင် နေအ်မသ် အကြောင်း ကို ဖော်ပြထားပါတယ်။ ဘိုက်သိုလ်မိုကဒစ် ဘက်မှ ကအ်ဗဟ် ဝတ်ကျောင်းတော် ဘက်သို့ ကေဗ်လဟ် အား ပြောင်း တော် မူခိုင်းချိန် သင်တို့ အပေါ် နေအ်မသ် တော် ကို အဆုံး သတ်ခဲ့ပြီး ဖော်ပြသည့် အာယသ်တော်၊ ရုပ်တုကိုးကွယ်ခြင်း ၏ ဗဟိုအချက်အချဖြစ်သည့် မကဟ် မြို့ကို အောင်နိုင်သည့် အချိန် ၊ နမာဇ် နှင့် သယမွန်မ် နှင့်ပတ်သက်သည့် အဲဟ်ကာမ် ဆိုင်ရာ စူရဟ် မာအေဒဟ် ၏ အာယသ်တော် အမှတ် ၆ နှင့် ဂဒီးရ်နေ့ တွင် ကျမ်းတော်မြတ်မှ နေအ်မသ် အဆုံးသတ် ချိန် ဖြစ်ကြောင်း ဂဒီးရ်နေ့ တွင် (၁) သာသနာ ပြီးပြည့်စုံ သွားကြောင်း (၂) နေအ်မသ် ကို အဆုံးသတ် ကြောင်း (၃) အလ္လာဟ် ၏ နှစ်မြို့ နှစ်သက်မှုဖြစ်ကြောင်း (၄) ရန်သူ မျှော်လင့်ချက်မဲ့ ကြောင်း မိန့်ကြားခဲ့ပါတယ်။
မှတ်သားစရာတစ်ခု မှ ဇေလ်ဟဂျ်ဂျဟ်လ မြတ် ၁၈ ရက်နေ့ ကို အီးဒ်ဒေ ဂဒီးရ် မကျင်းပကြရန် နစေဘီ မော်လဝီများ မှ ရိုးသား ဖြူစင်သည့် စွန်နီ ညီနောင်များ ကို သွေးတိုးပြီး ထို့နေ့ ကို အီးဒ် မလုပ်ကြရန် အကြောင်း မှ တတိယခလီဖာ ဟဇရသ် အွန်စ်မန် ရှဟီးဒ် ဖြစ်သည့်နေ့ ဖြစ်၍ ရှီအဟ်များ အနေဖြင့် မောင်လာအလီ (အ.စ) ကို အကြောင်းပြ ပြီး ဝမ်းသာ ပျော်ရွှင် ကြပြီး အီးဒ် လုပ်ကြသည်ဟု စွပ်စွဲ လိမ်လည် ပြောဆိုကြပါတယ်။ ဟဇရသ် အွန်စ်မန် ရှဟီးဒ် ဖြစ်သည့်နေ့ ဟာ ဇေလ်ဟဂျ်ဂျဟ်လ မြတ်၁၂ ရက် ဖြစ်ကြောင်း သမိုင်းကျမ်းများတွင် လေ့လာ နိုင်ပါတယ်။
.......................................................
END / 251