၂၇ ဇွန် ၂၀၂၄ - ၁၈:၀၉
အီရန် သမ္မတသစ် ရွေးကောက်ပွဲ နှင့်ပတ်သက်၍  အီရန် စွန်နီအာလင်မ် ၂၀၀၀ ကျော်မှ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ထံ  စာရေး

ရေးထားသည့် စာတွင် ဇွန်လ ၂၈ ရက်နေ့ သောကြာနေ့ တွင် ပြုလုပ်မည့် အီရန် သမ္မတသစ် ရွေးကောက်ပွဲ သည် ရှိသမျှ အီရန် နိုင်ငံသား အားလုံး ဖါရ်စ်လူမျိး၊ ကိူရ်ဒ်လူမျိုး ၊တူရ်က် လူမျိုး ၊ ဘလူချ်လူမျိုး ၊သူရ်ကမန်လူမျိုး ၊ လော်ရ် လူမျိုး ၊ရှီအဟ် ၊စွန်နီ နှင့် အခြား အလ္လာဟ်ကိုးကွယ်သည့် ဘာသာမျိုး (ခရစ်ယာန်၊ ဂျူး ) များ အတွက် ဂဏ်ယူ စရာ နှင့် အနာဂတ် ကိုတောက်ပ စေမည့် အီရန် လူမျိုးများ အတွက် အချုပ်အခြာ အာဏာ ၊ ဂုဏ်ကျက်သရေ ၊ ဆုံးးဖြတ်ချက် ၊ရည်ရွယ်ချက် ၏ ပြရုပ် နှင့် အကြောင်းခံ ဖြစ်ကြောင်း ပါဝင်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ ဆယ့်လေးကြိမ်မြောက် သမ္မတ သစ် ရွေးကောက်ပွဲအတွက် မဲပေးမှုသည် မနက်ဖြန် ဇွန်လ ၂၈ ရက်နေ့ သောကြာနေ့ တွင် ကျင်းပမည် ဖြစ်ပါတယ်။

အီရန် နိုင်ငံ ၏ ၂၆၀၀ ကျော် စွန်နီ အိုလမာ ၊ မဒရ်စာများ ၏ အကြီးအကဲများ နှင့် သောကြာနမာဇ် ရှေ့ဆောင် ဆရာများ မှ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာဆယက်ဒ် အလီ ခါမေနာအီ ထံ စာရေးသားခဲ့ကြပါတယ်။ ထိုစာတွင်  အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ကို တည်ထောင်သူ အေမာမ် ခိုမေနီ (ရ.ဟ) ၊ အဆင့်မြင့်နေရာအဆင့် အတန်း ကို ပိုင်ဆိုင်ကြသည့် အီရန် ရှဟီးဒ်များ ၏ဆန္ဒ နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ  ဟဇရသ် အာယာသွလ္လာဟ်  အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ညွှန်ကြားချက်များကို လိုက်နာရန် သစ္စာအသစ်တဖန်ပြုရန် အီရန်သမ္မတ သစ် ရွေးကောက်ပွဲ တွင် မဲ ပေးရန် အီရန် နိုင်ငံ သားတိုင်း ရပိုင်ခွင့် ဖြစ်ကြောင်း နှင့်  မနက်ဖန် ဇွန်လ ၂၈ ရက်နေ့ သောကြာနေ့ တွင် ပြုလုပ်မည့် အီရန် သမ္မတသစ် ရွေးကောက်ပွဲ သည် ရှိသမျှ အီရန် နိုင်ငံသား အားလုံး ဖါရ်စ်လူမျိး၊ ကိူရ်ဒ်လူမျိုး ၊တူရ်က် လူမျိုး ၊ ဘလူချ်လူမျိုး ၊သူရ်ကမန်လူမျိုး ၊ လော်ရ် လူမျိုး ၊ရှီအဟ် ၊စွန်နီ နှင့် အခြား အလ္လာဟ်ကိုးကွယ်သည့် ဘာသာမျိုး (ခရစ်ယာန်၊ ဂျူး ) များ အတွက် ဂဏ်ယူ စရာ နှင့် အနာဂတ် ကိုတောက်ပ စေမည့် အီရန် လူမျိုးများ အတွက် အချုပ်အခြာ အာဏာ ၊ ဂုဏ်ကျက်သရေ ၊ ဆုံးးဖြတ်ချက် ၊ရည်ရွယ်ချက် ၏ ပြရုပ် နှင့် အကြောင်းခံ ဖြစ်ကြောင်း ပါဝင်ပါတယ်။

မှတ်သားရမည့် အချက်မှာ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာဆယက်ဒ် အလီ ခါမေနာအီ ထံ စာရေးသားခဲ့ သည့် စာ  ပေါ်တွင် အီရန် နိုင်ငံ ပြည်နယ်အသီးသီး ဖြစ်ကြသည့် ကေရ်မာန်ရှားဟ် ၊ ဟရ်မိုဇ်ဂါန် ၊ခိုရာစာန် ရဇဝီ ၊ ခိုရာစာန် တောင်ပိုင်း ၊ ခိုရာစာန် မြောက်ပိုင်း ၊ဘူရှဲဟ်၊ ဖါရ်စ် ၊ ကိုရ်ဒေစ်သာန် ၊ ဂူလစ်သန် ၊စစ်သာန် နှင့် ဘလူဂျစ်စသန် အာဇရ်ဘိုင်ဂျန် အနောက်ပိုင်း နှင့် ဂီးလာန် မှ စွန်နီ အိုလမာ ၊ မဒရ်စာများ ၏ အကြီးအကဲများ နှင့် သောကြာနမာဇ် ရှေ့ဆောင် ဆရာများ တို့ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

.......................................................

END / 251