၂၈ ဇွန် ၂၀၂၄ - ၁၄:၀၉
တဲလ်အဗစ်မြို့ တွင် ကားဗုံး ပေါက်ကွဲခဲ့ပြီး ဇီယွန်ဝါဒီ အများအပြား သေဆုံးကာ ဒဏ်ရာရရှိ

တဲလ်အဗစ်မြို့တွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မီဒီယာသတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ အစီရင်ခံစာအရ ဇီယွန်အစိုးရ၏ မီဒီယာရင်းမြစ်များသည် တဲလ်အဗစ်မြို့တွင် မြောက်ပိုင်းရှိ ဟရ်သက်စ်လီယာ (Hertsliya ) ဧရိယာတွင် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

အချို့သော သတင်းများအရ လူတစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပြီး ယင်းနှင့်ပတ်သက်ပြီး အသေး စိတ်အချက်အလက်များကို ယခုအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။

လွန်ခဲ့သောရက်အနည်းငယ်က တဲလ်အဗစ်မြို့ တောင်ပိုင်း တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မီဒီယာ သတင်းရင်းမြစ်များ က ဖော်ပြခဲ့ပါတယ်။

ဇီယွန်အစိုးရ၏ ရုပ်မြင်သံကြားလိုင်း ဗါရဟ် မှ ဇီယွန်အစိုးရ၏ ရုပ်မြင်သံကြားလိုင်း ဗါရဟ် မှ  တဲလ်အဗစ်မြို့ တောင်ပိုင်းရှိ ရဟူဖူသ် ကိုလိုနီတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဇီယွန်နစ်သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ အဆိုပါပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို Kabulan ကာဘူလာန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။

.......................................................

END / 251