၂၉ ဇွန် ၂၀၂၄ - ၁၁:၂၉
၁၄ ကြိမ်မြောက် အီရန် သမ္မတသစ်  ရွေးကောက်ပွဲ၏ နောက်ဆုံးရလဒ်သည် ဒုတိယအဆင့်သို့ ရောက်သွား

၁၄ ကြိမ်မြောက် အီရန် သမ္မတရွေးကောက်ပွဲ လည်ပတ်မှု၏ နောက်ဆုံးမဲများကို ရေတွက်ခြင်း၏ နောက်ဆုံးရလဒ်များကို နိုင်ငံ၏ ရွေးကောက်ပွဲရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူက ကြေညာခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ရွေးကောက်ပွဲရုံးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မော်စင်န် အစ္စလာမ်မီ မှ ၁၄ ကြိမ်မြောက် အီရန် သမ္မတရွေးကောက်ပွဲ၏ ပဏာမရလဒ်များကို ကြေညာခဲ့ပါတယ်။

အီရန် သမ္မတသစ် ရွေးကောက်ပွဲ ၏ နောက်ဆုံးရလဒ်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

မြို့ပေါင်း ၄၈၂ မြို့၌ မဲရုံ ခွဲပေါင်း ၅၈၆၄၀ မှ  ၂၄ သန်း နှင့် ၅၃၅၁၈၅ မဲ  ကောက်ခံရရှိခဲ့ပါတယ်။

(၁) သမ္မတလောင်း မတ်စ်အူဒ် ဘေဇစ်ရှ်ဂီယန်း ၏ ဆန္ဒမဲအရေအတွက်မှာ ၁၀သန်း ၄၁၅၉၉၁ မဲ  ဖြစ်ပါတယ်။

(၂) သမ္မတလောင်း စအီးဒ်ဂျလီလီ ၏ ဆန္ဒမဲအရေအတွက်မှာ ၉ သန်း ၄၇၃၂၉၈ မဲ  ဖြစ်ပါတယ်။

(၃) သမ္မတလောင်း မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် ၏ ဆန္ဒမဲအရေအတွက်မှာ ၃ သန်း ၃၈၃၃၄၀ မဲ  ဖြစ်ပါတယ်။

(၄) သမ္မတလောင်း H.I မွတ်စ်သဖွာ ပူးရ် မိုဟမ္မဒ်ဒီ ၏ ဆန္ဒမဲအရေအတွက်မှာ ၂၀၆၃၉၇ မဲ  ဖြစ်ပါတယ်။

အီရန် သမ္မတရွေးကောက်ပွဲ၏ အဋ္ဌမမြောက်ရလဒ်များ မှာအောက်ပါအတိုင်း ဖြစ်ပါတယ်။

ပထမအဆင့်တွင် ကိုယ်စားလှယ်လောင်းတစ်ဦးမှ ဆန္ဒမဲငါးဆယ် ရာခိုင်းနှုန်း ထက် မပိုရသောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လာမည့်အဆင့်တွင် ပထမကိုယ်စားလှယ်လောင်းနှစ်ဦးကြား ပြန်လည်ရွေးကောက်ခံရ မည်ဖြစ်ပါတယ်။

လာမည့်အဆင့်တွင် ပထမကိုယ်စားလှယ်လောင်းနှစ်ဦး ဖြစ်သည့် သမ္မတလောင်း မတ်စ်အူဒ် ဘေဇစ်ရှ်ဂီယန်း

 နှင့်  သမ္မတလောင်း စအီးဒ်ဂျလီလီ ကြား ပြန်လည်ရွေးကောက်ခံပွဲ ကို ဇူလိုင်လ ၅ ရက်နေ့ သောကြာနေ့တွင် ထပ်၍ ပြူလုပ်မည်ဖြစ်ကြောင်း အီရန် ပြည်ထဲရေး ဝန်ကြီးဌာနရှိ ရွေးကောက်ပွဲ ဌာနချုပ်မှ တာဝန်ရှိသူထံ မှသိရှိရပါတယ်။

၁၄ ကြိမ်မြောက် အီရန် သမ္မတရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက် သောကြာနေ့ နံနက် ၈ နာရီတွင် အီရန်နိုင်ငံတစ်ဝှမ်းရှိ မဲရုံပေါင်း ၅၈၆၄၀  တွင် ကျင်းပခဲ့ပြီး ယင်းတို့အနက် ၃၄၅၂၂ သည် မြို့ပြ၊ ကျေးလက် ၂၄,၁၁၈ ခု ဖြစ်ကြောင်းသိရှိရပါတယ် ။

နိုင်ငံခြားနေ အီရန် နိုင်ငံနိုင်ငံသားများ မဲပေးရန် နိုင်ငံအသီးသီးတွင် မဲရုံပေါင်း ၃၄၄ ရုံ ထားရှိခဲ့ပါတယ်။

.......................................................

END / 251