၁ ဇူလိုင် ၂၀၂၄ - ၂၀:၂၉
   အစ္စရေးကိုထောက်ပံ့ စျေးကွက် များ ၊ ကုမ္ပဏီများမှ ပစ္စည်း ဝယ်ယူ ခြင်း ကိစ္စ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အစ္စရေးကိုထောက်ပံ့ စျေးကွက် များ ၊ ကုမ္ပဏီများမှ ပစ္စည်း ဝယ်ယူ ခြင်း ကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အစ္စရေးကိုထောက်ပံ့ စျေးကွက် များ ၊ ကုမ္ပဏီများမှ ပစ္စည်း ဝယ်ယူ ခြင်း ကိစ္စ ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အစ္စရေးကိုထောက်ပံ့ဖို့ သူတို့ရဲ့အမြတ်အစွန်းတစ်စိတ်တစ်ပိုင်းကို ခွဲဝေပေးတဲ့ စျေးကွက်များ ဒါမှမဟုတ် ကုမ္ပဏီများ ဆီကနေ နေ့စဉ်သုံးပစ္စည်းတွေကို ဝယ်ခွင့်ရှိပါသလား။?

အဖြေ

အစ္စရေးထုတ်ကုန်များ ကို ရှင်းရှင်းလင်းလင်း နှင့် ထိထိရောက်ရောက် ပံ့ပိုးပေးတဲ့ ကုမ္ပဏီတွေများ ၏ ထုတ်ကုန်များ ကို အရောင်း အဝယ် ပြုခွင့် မရှိပါ။

အကြံပြုချက် -  အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ သံသယဖြစ်နေသည့် အခြေအနေ တစ်ခု အား ဘာလုပ်ရမည်ဆိုတာ သေချာ သိရှိသွားပြီး ဖြစ်ပါတယ်။ ထိုပြင် ကျနော်တို့ နေ့စဥ် သုံးနေသည့် ပစ္စည်းများ  သည် အစ္စရေး များ နှင့် နွယ် မနွယ်ကို သေချာ စိစစ်ရပါမည်။ ဥပမာ ပက်စီ အအေး ၊ကိုကာကိုလာ အအေး စသည် တို့ သည် အစ္စရေး ပစ္စည်း များ နှင့် အစ္စရေး အထောက်အကူ ပြု ပစ္စည်း များ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ အနေဖြင့်  မိမိညီနောင် ပါလက်စတိုင်း မွတ်စလင်မ်များ ကို လူမျိုးတုံး သတ် ဖြတ်နေသည့် အစ္စရေးကို လုံးဝ (လုံးဝ ) Boycott လုပ်ရမည် မှာ ရှရီအီ တာဝန် တစ်ခု ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251