၂ ဇူလိုင် ၂၀၂၄ - ၁၇:၀၀
မုဟော်ရမ်  ၏အခါသမယတွင် India Shia Personal Law Board မှ ၀န်ကြီးချုပ် မိုဒီ ထံသို စာပေးပို့

မုဟော်ရမ်လ၏ အစတွင်ရက်အနည်းငယ်သာ ကျန်တော့သည် ဖြစ်၍ အိန္ဒိယနိုင်ငံလုံး ဆိုင်ရာရှီအဟ် ကိုယ်ရေးကိုယ်တာ ဥပဒေဘုတ်အဖွဲ့ ( India Shia Personal Law Board ) သည် ၀န်ကြီးချုပ်မိုဒီ ထံ စာတစ်စောင် ရေး သားခဲ့ပြီးတောင်းဆိုမှု များပြုလုပ်ခဲ့ ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News  နှင့် Mehr News တို့၏ ဖော်ပြချက်အရ အိန္ဒိယနိုင်ငံလုံး ဆိုင်ရာရှီအဟ် ကိုယ်ရေးကိုယ်တာ ဥပဒေဘုတ်အဖွဲ့ သည် ဝန်ကြီးချုပ် မိုဒီထံ လုံခြုံရေးနှင့် မုဟော်ရမ် အလံ လှည့်လည်ရန် (စီတန်းလှည့်လည် ရန် ) အတွက် ပိုမိုကောင်းမွန်သော အစီအစဉ်များ တောင်းဆိုရန် စာတစ်စောင် ရေးသားခဲ့ကြောင်း ဖြစ်ပါတယ်။

မုဟော်ရမ် စီတန်းလှည့်လည်ခြင်းကို ပြည်နယ်အစိုးရများက သတ်မှတ်ထားသော လမ်းကြောင်းများ ပေါ်တွင် ထားရှိသင့်သည်ဟု အဆိုပါစာတွင် ဖော်ပြထားပါတယ်။  ထို့အပြင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ လုံခြုံရေးအစီအမံများကိုလည်း အစွန်းရောက် အကြမ်းဖက်သမားများ မှ တည်ငြိမ်အေးချမ်း မှုကို မနှောင့်ယှက်နိုင် ရန်  ပိုမိုတင်းကျပ်ထားသင့် ကြောင်း ပါဝင် ပါတယ်။

 

မိမိ မိသားစုနဲ့ အဖော် ၇၂ ယောက်နဲ့အတူ လူအခွင့်အရေး နှင့် လူသားဝါဒ တွေကို ကယ်တင်ဖို့အတွက် ကရ်ဗလာ ကွင်းမှာ ဟဇရသ် အေမာမ် ဟိုစိုင်းန် (အ.စ) သည် ရှဟီးဒ် လုပ်ခံခဲ့ရ ကြောင်းက ထို အထဲတွင် ၆ လသားကလေးငယ်လည်း ပါဝင်ကြောင်း   ဝန်ကြီးချုပ်  မိုဒီ ထံရေးသားခဲ့သည့် စာတွင် ဖော်ပြထားပါတယ်။

 

 ထိုပြင် စာတွင် ဤကဲ့သို့သော ကြီးမြတ်သော ကိုယ်ရည်ကိုယ်သွေးကို အောက်မေ့ခြင်းဖြင့် ဟိန္ဒူ၊ မွတ်ဆလင်၊ ဆစ်ခ်များ၊ ခရစ်ယာန်များနှင့် ကျွန်ုပ်တို့၏အိန္ဒိယအပါအဝင် ဘာသာတရားအားလုံးမှ လူများသည်  မုဟော်ရမ် လ တွင် ဤအာဇာနည်များကို သတိရကြကြောင်း  ယခုနှစ် မုဟော်ရမ်  သည် ဇူလိုင်လ ၈ ရက်နေ့  ၂၀၂၄ ခုနှစ်မှ စတင်မည်ဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီး ချုပ် မိုဒီ ထံ ရေးသားခဲ့ကြောင်း သိရှိရပါတယ်။

.......................................................

END / 251