၅ ဇူလိုင် ၂၀၂၄ - ၁၀:၂၅
   လက်ဘနွန်မှာ စစ်ပွဲတွေ ပြန့်နှံ့ လာတဲ့ အတွက် ကျနော်တို့  အရမ်းစိုးရိမ် ပါတယ် / ဘင်န်ဖရ်ဟာန်

လက်ဘနွန် နှင့် ဇီယွန်ဝါဒီအစိုးရတို့ကြား တင်းမာမှုများ တိုးလာနေခြင်းအပေါ် အလွန်စိုးရိမ်ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာတွင် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ထူထောင်ခြင်းသည် တင်းမာမှုကို ရပ်တန့်စေနိုင် သည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဇလ်ဘင်န် ဖရ်ဟာန် အာလေစအူးဒ် အနေဖြင့်  မဒရီးဒ်  မှာကျင်းပတဲ့ ဥရောပ သမဂ္ဂနိုင်ငံခြား ဆက်ဆံရေးကောင်စီညီလာခံမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ဂါဇာနဲ့ အနောက်ဘက်ကမ်းမှာ နှစ်နိုင်ငံပြည်နယ် ဖြေရှင်းရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်  ဟု ပြောကြား ခဲ့ပါတယ်။

ဖရ်ဟာန် အာလေစအူးဒ်  မှဆက်လက်ပြီး အပစ်အခတ်ရပ်စဲရေး မတည်ဆောက်ဘဲ တခြား ရေကုပ် စက်ဝိုင်းအကြောင်း မပြောနိုင်ဘူးလို့ အလေး ပေးပြောဆိုပြီး ဆော်ဒီအာရေဗျက ပါလက် စတိုင်း အာဏာပိုင်ကို ထောက်ပံ့ဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီး ဂါဇာမှာ နိုင်ငံတကာတပ်ဖွဲ့တွေ ဖြန့်ကျက်တာကို ထောက်ခံ ကြောင်း ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းနိုင်ငံအား နိုင်ငံနှစ်ခုဖြေရှင်းချက်အတွက် မျှော်လင့်ချက်ရောင်ခြည် အဖြစ် စပိန်နိုင်ငံနှင့် အခြား နိုင်ငံ အများအပြားက အသိအမှတ်ပြုရန် ဆော်ဒီ အာရေဗျနိုင်ငံခြားရေးဝန်ကြီးက ညီလာခံ တွင် ဆက်လက် ထည့်သွင်း ပြောကြားခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး ထူထောင်ခြင်းသည် အစ္စရေးနှင့် လက်ဘနွန်နယ်စပ်ရှိ တင်းမာမှုများကို ရပ်တန့်ရန် အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း ဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဇလ်ဘင်န် ဖရ်ဟာန် အာလေစအူးဒ် မှ အဆုံးတွင် လက်ဘနွန်တွင် စစ်ပွဲပြန့်ပွား မည့်အန္တရာယ်အတွက် ကျွန်ုပ်တို့ အလွန်စိုးရိမ်နေပြီး နိုင်ငံရေးရေချိန်ကို မတွေ့မြင်ရကြောင်း အလေးပေး ပြောကြား ခဲ့ပါတယ်။

.......................................................

END / 251