အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ ဖော်ပြချက်အရ ၅၆ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာတွင် ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲတွင် အီရန်သံအမတ် အလီ ဘာရိန်းနီ မှ ဇီယွန်ဝါဒီအစိုးရ၏ လူမျိုးရေးခွဲခြားသည့် ရာဇ၀တ်မှုများကို ကမ္ဘာနှင့်အဝှမ်း ဖော်ထုတ်နိုင်စေရန် ကုလသမဂ္ဂ ဆုံးဖြတ်ချက်အမှတ် ၃၃၇၉ ကို ပြန်လည်နိုးထရန် တိုက်တွန်းခဲ့ ပါတယ်။
ကုလသမဂ္ဂ ၏ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၏ ပူးတွဲကြေညာချက်တွင် အစ္စရေးသည် လူမျိုး ရေးခွဲခြား ကြောင်း ကြေငြာခဲ့ကြောင်း လူမျိုးရေးခွဲခြားမှုနှင့် ခွဲခြားဆက်ဆံခြင်းကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းက တားမြစ်ထားပြီး ကမ္ဘာ့အဖွဲ့အစည်း၏ ရည်မှန်းချက်များ အောင်မြင်မှုကို ဟန့်တားထား ကြောင်း အီရန်သံအမတ် အလီ ဘာရိန်းနီ မှ ပြောကြားခဲ့ပါတယ်။
အစ္စရေး အဖွဲ့အစည်းများက ကျူးလွန်သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အရေး ယူရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား ပူးတွဲကြေညာချက်တွင် တောင်းဆိုထားပါတယ်။
.......................................................
END / 251