အိုမန် နိုင်ငံ ၏ မတ်စကတ် မြို့ ဆင်ခြေဖုံးရှိ အလ်ဝဒီယိုလ်ကဘီးရ် ဧရိယာတွင် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် အဇါဒါရီ ပြုနေသူများ အား လက်နက်ကိုင်ထားသည့် ယဇီးဒ်ဒီများမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အချို့ ဒဏ်ရာ ရခဲ့ပြီး အချို့ မှာ ရှဟီးဒ် ဖြစ်သွားခဲ့ပါတယ်။
အခြားတစ်ဖက်တွင်၊ အချို့သော ဆိုရှယ်မီဒီယာအသုံးပြုသူများသည် ဤလက်နက်ကိုင်တိုက်ခိုက်မှု၏ ဓာတ်ပုံများနှင့် ဗီဒီယိုများကိုလည်း လွှင့်တင်ခဲ့ကြပါတယ်။
အဆိုပါအသုံးပြုသူများ၏အဆိုအရ အဇါဒါရီ ပြုသူ ၇၀၀ ကျော်သည် တိုက်ခိုက်သူများ ၏ ဝိုင်းရံထားပြီး တိုက်ခိုက်မှု ကို ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ်။
အိုမန် ရဲတပ်ဖွဲ့က လက်နက်ကိုင် တိုက်ခိုက်မှုကို အတည်ပြုကြောင်း ထုတ်ပြန်ခဲ့ပြီး အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် အဇါဒါရီ ပြုနေသူများ ကို ပစ်ခတ်မှုအတွင်း လူ ၄ ဦး သေဆုံး ( ရှဟီးဒ် ) ခဲ့ပြီး အများအပြား ဒဏ်ရာ ရခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
အိုမန် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် အခြေအနေများကို ကိုင်တွယ်ရန် ကြိုတင်ကာကွယ်မှု အစီအမံများနှင့် အစီအမံများ အားလုံးကို လုပ်ဆောင်ခဲ့ပြီး နောက်ထပ် အစီအမံများနှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရှိရပါတယ်။
အိုမန် အစိုးရက အဆိုပါ တိုက်ခိုက်မှုကို အကြမ်းဖက်သမားအဖြစ် မမှတ်ယူဘဲ ရွှေ့ပြောင်းနေထိုင်သူ အုပ်စု နှစ်စုကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။
.......................................................
END / 251