အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency ၏ အစီရင်ခံစာအရ တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏ မြေးတော် အေမာမ် ဟိုစိုင်းန် (အ.စ)ကရ်ဗလာ ကွင်းပြင်တွင် ယဇီးဒ် တပ်သားများဗိုလ်များ လက်ချက်ဖြင့် ရက်ရက်စက်စက် လုပ်ကြံ အသတ်ခံ ခဲ့ရသည့်နေ့ အာရှုရာနေ့ ကို ပါကစ္စတန် နိုင်ငံ ၏ မြို့အသီးသီးတွင် မျဂ်လစ်စေ အဇါများ ကျင်းပကြပြီး အလံ ထွက် ခြင်းများ ပြုလုပ်လျက်ရှိပါတယ်။
ကရာချိ မြို့ တွင် မုဟော်ရမ် ၁၀ ရက်နေ့ မရ်ကဇ်ဇီ အလံထွက် မှု အား နရှ်သရ် ပါက် မှ စတင် ပြီး အမ်အေ ဂျေနာဟ်လမ်းမ ၊ တိဘက်စင်တာ ကို ဖြတ်သန်းပြီး အီရန်နီများ အေမာမ်ဘာရာ တွင် အဆုံးသတ်မှာ ဖြစ်ပါတယ်။
ဤအခါသမယတွင် ကရာချိ၏နေရာအနှံ့အပြားတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှု များ မော်တော်ဆိုင်ကယ် အား နှစ်ယောက် စီးနင်းခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း ဟယ်လီကမ်များနှင့် ဒရုန်းများ မြို့တွင်း လွှင့်တင် ခြင်းကို တားမြစ်ပိတ်ပင်ထားကြောင်း သိရှိရပါတယ်။
အခြားတစ်ဖက်တွင် လည်း လာဟိုး မြို့ တွင် အာရှုရာနေ့ မရ်ကဇ်ဇီ အလံ ထွက်မှုအား နေစာ ဟတေလီ အန်ဒရွန် မိုကျီ ဂိတ် မှ စတင်ပြီး ညနေခင်း တွင် ကရ်ဗလာ ဂါမေ ရှားဟ် တွင် အဆုံးသတ် မည် ဖြစ်ပါတယ်။
ပန်ဂျပ်ပြည်နယ် တစ်ဝှမ်းရှိ အလံခွက် ခြင်းများ နှင့် မဂျ်လစ်များ ပြုလုပ်နေသည့် နေရာများ တွင် မိုဘိုင်းလ် ဖုန်းဝန်ဆောင်မှုကို ယနေ့တွင် ရပ်ဆိုင်းထားမည်ဖြစ်ပါတယ်။
ထို့အပြင် ပေရှာဝရ် မြို့ ရှိ အေမာမ် ဘာရာ အသီးသီးမှ အာရှုရာနေ့ အလံ ၁၂ နေရာမှ ထွက် ရှိ မည် ဖြစ်ပါတယ်။
အစ္စလာမာဘတ် ရှိ အာရှုရာနေ့ မရ်ကဇ်ဇီ အလံ ထွက်မှုအား ကရ်နလ် မက်ဘူလ် အေမာမ်ဘာရာ မှ မနက် ပိုင်း ၁၁နာရီ တွင် စတင် ထွက် ရှိမှာ ဖြစ်ပြီး သတ်မှတ်ထားသော လမ်းကြောင်းများမှတစ်ဆင့် အေမာမ် ဘာရာ အဟောင်း တွင် အဆုံးသတ်မှာ ဖြစ်ပါတယ်။
ထိုပြင် ကွေတာ မြို့ ရှိ အာရှုရာနေ့ မရ်ကဇ်ဇီ အလံ ထွက်မှုအား အလန်မ်ဒါရ် လမ်းမကြီး မှစတင်မှာဖြစ်ပါတယ်။ အာရှုရာ နေ့အခါသမယတွင် ကွေတာ မြို့ ၌ မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုကို လည်း ရပ်ဆိုင်းထားပါတယ်။
တစ်ဖက်တွင်လည်း အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီအပါအဝင် ပြည်နယ်အသီးသီးတွင် အလံ ထွက် ခြင်းများ ကို ပြုလုပ် မည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်သော အစီအစဉ်များကိုလည်း ယခု အခါသမယတွင် ပြုလုပ်ထားကြောင်း သိရှိရပါတယ်။
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားမြို့ အသီးသီးမှာ ယနေ့ အာရှုရာနေ့ အား ဘာသာရေး ကြည်ညိုလေးစားမှု နှင့် အတူ ပြုလုပ်နေကြကြောင်း သိရှိရပါတယ်။
အီရတ် နိုင်ငံ တစ်ဝန်း တွင်လည်း အာရှုရာ နေ့ အတွက် အဇါဒါရီများ အလံထွက်ခြင်းများ ကို ပြုလုပ် နေကြပါတယ်။
.......................................................
END / 251