အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပန်ဂျပ်ပြည်နယ် အကြမ်းဖက်မှု တန်ပြန်ရေးဌာန (CTD) က အယ်လ်ကိုင်ဒါအဖွဲ့ အကြီးတန်းခေါင်း ဆောင်တစ်ဦး ဖြစ်တဲ့ အမီးန်နိုလ်ဟက် ကို ဖမ်းဆီးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
ပါကစ္စတန် အာဏာပိုင်များ၏ အဆိုအရ အဆိုပါ ပုဂ္ဂိုလ်သည် စက်တင်ဘာ ၁၁ ရက် အမေရိကန်ကို တိုက်ခိုက်ရန် စီစဉ်သူ အိုစမာဘင်လာဒင်၏ အနီးကပ် တွဲဖက် ဖြစ်သည်ဟု ဆိုထားပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနကလည်း အမီးန်နိုလ်ဟက် ကိုတရားစွဲဆိုထားကြောင်းလည်း ကြေညာခဲ့ပါ တယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန မှ ပြည်နယ်အတွင်းရှိ အရေးကြီးသော အဆောက်အအုံများကို ဖျက်ဆီးရန် စီစဉ်နေသည်ဟု စွပ်စွဲခံထား ပါတယ်။
ဤအဖွဲ့အစည်း၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင်- အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် သိသာ ထင်ရှားသောတိုးတက်မှုတစ်ရပ်တွင် ထောက်လှမ်းရေး အေဂျင်စီများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကြမ်း ဖက်မှု တိုက်ဖျက်ရေးဌာနသည် အယ်လ်ကိုင်ဒါအဖွဲ့ အကြီးတန်းခေါင်း ဆောင်တစ်ဦး ဖြစ်တဲ့ အမီးန်နိုလ်ဟက် ကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း ပြောကြားထားပါတယ်။
အမီးန်နိုလ်ဟက် ကို ပန်ဂျပ်ပြည်နယ် ဂူဂျာရတ် ဒေသရှိ "စရာအီ အာလာန်မ်ဂီးရ် " တွင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။
၁၉၉၆ ခုနှစ်ကတည်းက အမီးန်နိုလ်ဟက် သည် အယ်လ်ကိုင်ဒါ အဖွဲ့ ခေါင်းဆောင် အိုစမာဘင်လာဒင် ၏ အနီးကပ် လက်တွဲဖော်များထဲမှ တစ်ဦးဖြစ်ပြီး အကြမ်းဖက် လှုပ်ရှားမှု အများအပြားတွင် ပါဝင်ခဲ့သူ ဖြစ်ပါ တယ်။
ပါကစ္စတန် အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန၏ ထုတ်ပြန်ချက်တွင် အမီးန်နိုလ်ဟက် ၏ အမည်သည် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားများစာရင်းတွင် ပါ၀င်သည်ဟု ဖော်ပြထားပါတယ်။
ပါကစ္စတန် အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန၏ ကြေညာချက်အရ အမီးန်နိုလ်ဟက် ဖမ်းဆီးခံ ရချိန်တွင် နိုင်ငံ အတွင်း အဓိက အကြမ်းဖက် စစ်ဆင်ရေးတစ်ခု ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဖြစ်ပါတယ်။
အမီးန်နိုလ်ဟက် သည် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုကို ဒီဇိုင်းဆွဲသူ အယ်လ်ကိုင်ဒါအဖွဲ့ ခေါင်းဆောင် အိုစမာဘင်လာဒင် နှင့် နီးစပ်သူဖြစ် ပြီး ပါကစ္စတန်နိုင်ငံ အိုင်ဘိုက်သ်အပါဒ် မြို့ တွင် ခိုအောင်း နေစဥ် အမေရိကန်တပ်များက စီးနင်းတိုက်ခိုက်မှု ကြောင့် ၂၀၁၁ ခုနှစ်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်။
.......................................................
END / 251