အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အေရ်ရှာဒ် ဒိုလ်ကိုလူးဗ် မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
مَنْ آذَی مُؤْمِناً وَ لَوْ بِشَطْرِ کَلِمَةٍ جَاءَ یَوْمَ الْقِیَامَةِ مَکْتُوباً بَیْنَ عَیْنَیْهِ آیِسٌ مِنْ رَحْمَةِ اللَّهِ ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« အကြင်မည်သူမဆို မိုအ်မင် တစ်ဦးတစ်ယောက်အား ယုတ်စွ စကားတစ်ခွန်း ဖြင့်ပင် ထိခိုက် နစ်နာ အောင် ပြုမည် ဆိုလျင် ထိုသူသည် ကေယမသ် နေ့ တွင် ၎င်း ၏ မျက်လုံး နှစ်ခု ကြား ဤသူ(မ) သည် အလ္လာဟ် ဟို အရှင်မြတ် ၏ ကရုဏာတော် ကင်းမဲ့ခြင်းခံရ သူ ဟုရေးထားသည့် အခြေအနေ တွင် ပြန်လည် ရှင်သန် ထမြောက် ရမည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ အေရ်ရှာဒ် ဒိုလ်ကိုလူးဗ် ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ၇၆
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် မိုအ်မင် တစ်ဦး တစ်ယောက်ကို စကားလေးတစ်ခွန်း ဖြင့် ထိခိုက်နစ်နာ စေအောင် လုပ်ခြင်း အပြစ် ဒဏ်ကို ထင်ရှား စွာ သိရှိရမည် ဖြစ်ပါတယ်။ အကယ် မိုအ်မင် တစ်ဦး တစ်ယောက် အား စကားတစ်ခွန်း ဖြင့် ထိခိုက်အောင် နစ်နာ အောင် ပြောထားလျင် ဟဒီးစ်တော် ပါ အတိုင်း အပြစ် ဒဏ် ခံရမည် ဆိုလျင် အကြွေး ယူထားပြီး ဆပ်နိုင် လျက် ပြန် မဆပ် သည့် သူများ ၊ မဆပ်နိုင် လည်း အကျိုးအကြောင်းပြော၍ မတောင်းပန်သူများ ၊ အကြွေး မဆပ်နိင်သည် ကို ကောင်းကောင်း မွန်မွန် မပြောဘဲ ကြွေးဆပ်ရမည့် မိုအ်မင်အား ထိခိုက် နစ်နာ စေမည့် အပြုအမူများ ပြုသူ ပြောသူ ၊ မိုအ်မင် အား ဆဲဆိုမည် ၊ သိက္ခာ လိုက်ချမည် ၊ စွပ်စွဲ မည် ဆိုလျင် မည် သည့် ပြစ်ဒဏ် အလ္လာဟ် ချမည်ဆိုတာ အလ္လာဟ် အရှင်ပင် အသိဆုံး ဖြစ်လေ၏။
****************************************************************
END / 251