အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယနေ့ မပနက်ပိုင်း တွင် ပါလက်စတိုင်း တော်လှန်ရေး လှုပ်ရှားမှု ဟားမတ်စ် ခေါင်းဆောင် ရှဟီးဒ် ဟာဖစ်ဇ် ဒေါက်တာ အီစ္စမာအီ ဟနီယေဟ် နမာဇ် ဇေဂျ နာဇဟ်အား တီဟီရန် တက္ကသိုလ် တွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ဦးဆောင် ဝတ်ပြုပေးခဲ့ပါတယ်။
တီဟီရန် တက္ကသိုလ်တွင် ကျင်းပသည့် နမာဇ် ဇေ ဂျနာဇဟ် တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတသစ် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် အတူ နိုင်ငံမှ နာမည်ကြီး နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင် ဝတ်ပြု ခဲ့ပါတယ်။
တီဟီရန်တက္ကသိုလ်၏ နမာဇ် ဇေ ဂျနာဇဟ် အစီအစဉ်ကို နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး ယင်းနောက်တွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ဟားမတ်စ် ခေါင်းဆောင် ရှဟီးဒ် ဟာဖစ်ဇ် ဒေါက်တာ အီစ္စမာအီ ဟနီယေဟ် နှင့် ၎င်း ၏ ကိုယ်ရံတော် ၏ နမာဇ် ဇေဂျ နာဇဟ်အား နံနက် ၈ နာရီ ခွဲ တွင် ဦးဆောင် ဝတ်ပြု ပေးခဲ့ပါတယ်။ ပြီးနောက် ၎င်းတို့ ၏ ဂျနာဇဟ် နှစ် ခု အား တီဟီရန်တက္ကသိုလ် မှ စတင်ကာ ယူဆောင်ပြီး အာဇါဒီ ရင်ပြင်ကိုဖြတ်ကာ နဝါဗ် ရင်ပြင် တွင် ပြီးဆုံးခဲ့ပါတယ်။
ဇီယွန်ဝါဒီအစိုးရ၏ သတ္တိကြောင်သော ရာဇ၀တ်မှုဆိုင်ရာ လုပ်ရပ်ကို အီရန်နိုင်ငံမှ ပြည်သူ အများအပြားက ပြင်းထန်စွာ ရှုတ်ချကြပြီး ၎င်းတို့၏ ကြွေးကြော်သံများတွင် အီရန်ပြည်သူများသည် အီရန် အစိုးရနှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ တို့ကို ပြင်းထန်စွာ လက်စားချေရန် တောင်းဆိုကြခဲ့ကြပါတယ်။
.......................................................
END / 251