အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းအထောက်အထားများ အရ ကုလသမဂ္ဂဆိုင်ရာ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အမီးရ် စအီးဒ် အီရ်ဝါနီ မှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံသို့ ဗုဒ္ဓဟူးနေ့တွင် စာတစ်စောင် ရေးသားခဲ့ပါတယ်။ ၎င်းစာအား အစ္စရေးအစိုးရ၏ အကြမ်း ဖက်တိုက်ခိုက်မှု နှင့် အီရန်၏ နယ်မြေပိုင်ဆိုင်မှုနှင့် အချုပ်အခြာအာဏာကို ချိုးဖောက် ပြီးနောက် အရေးပေါ် စာတစ်စောင် အဖြစ် ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံသို့ ပေးပို့သည့် အရေးပေါ် ပေးစာတွင် အမီးရ် စအီးဒ် အီရ်ဝါနီ မှ အစ္စရေး အစိုးရ၏ အကြမ်းဖက် ရန်လိုမှု သည် အလွန် စိုးရိမ် စရာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
အမီးရ် စအီးဒ် အီရ်ဝါနီ မှ ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၅၁ အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် ဤအကြမ်းဖက်တိုက်ခိုက်မှုကို ခုခံကာကွယ်ရာတွင် တရား၀င်တုံ့ပြန်ပိုင်ခွင့်ရှိပြီး ယင်းအခွင့်အရေးကို အသုံးပြုရန် တွန့်ဆုတ်မည်မဟုတ်ကြောင်း ရေးသားထားပါတယ်။
ဒီအကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အထူးစစ်ဆင်ရေးတစ်ခု အနေဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ရှိ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ကိုယ်စားလှယ်ရုံးက ပြောပါတယ်။
ဒီအစီရင်ခံစာအရ ကုလသမဂ္ဂမှာရှိတဲ့ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ကိုယ်စားလှယ်ရုံးက ဒီအထူးစစ်ဆင်ရေးဟာ အလွန်ပြင်းထန်ပြီး အကြမ်းဖက်တိုက်ခိုက်မှုကျူးလွန်သူတွေကို နောင်တရစေ လိမ့်မယ် လို့ ဆိုပါတယ်။
အင်န်ရှာအလ္လာဟ် အီရန်ပြောထားသည့် အတိုင်း အဖြေနိုင်ဖို့ မြတ်အလ္လာဟ် စွမ်းအား များ နှင့် အခြေအနေ များ ပေးသနားပါစေလို့ အဗ်နာ သတင်းဌာန မှ ဒိုအာ ပြုလိုက်ပါတယ်။
.......................................................
END / 251