အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွတ်စ်သဒရက်ကိုလ်ဝစာအေလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
أربَعٌ مَن اُعْطِيَهُنَّ فَقَد اُعْطِيَ خَيرَ الدُّنيا و الآخِرَةِ: بَدنا صابِرا و لِسانا ذاكِرا و قَلْبا شاكِرا و زَوْجَةً صالِحَةً ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« လေးခုသော အရာကို ရရှိသူ မည်သူမဆို လောကီ ၊ လောကုတ္တရာ ၏ တိုးတက်မှု နှင့် ကောင်းမြတ်ခြင်းတို့ကို ချီးမြှင့်ခြင်းထားရခြင်း ဖြစ်ပါသည်။ (ထိုအရာလေးခု မှာ ) သည်းခံသည့် ကိုယ်ခန္ဓာ ၊ အလ္လာဟ်ဟို အရှင်မြတ် အား အောက်မေ့သည့် လျှာ ၊ ကျေးဇူးသိတတ်သည့် စိတ်နှလုံးနှင့် ကောင်းသော ဖြောင့်မတ်သော ဇနီးသည် တို့ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ မွတ်စ်သဒရက်ကိုလ်ဝစာအေလ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၄၁၄
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် သည်းခံသည့် ကိုယ်ခန္ဓာ ၊ အလ္လာဟ်ဟို အရှင်မြတ် အား အောက်မေ့သည့် လျှာ ၊ ကျေးဇူးသိတတ်သည့် စိတ်နှလုံးနှင့် ကောင်းသော ဖြောင့်မတ်သော ဇနီးသည် ရရှိအောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ထိုနည်းဖြင့် လောကီ နှင့် လောကုတ္တရာ တွင် အောင်မြင်သူ ဖြစ်ပေမည်။
****************************************************************
END / 251