၂၀ ဩဂုတ် ၂၀၂၄ - ၂၀:၂၁
ဆီးရီးယားရှိ အကြမ်းဖက် စခန်းနှစ်ခုကို ရုရှားက ဗုံးခွဲ တိုက်ခိုက်

ဆီးရီးယားနိုင်ငံ Deir Ezzor ဒေသမှာ ရုရှားလေတပ်က အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ နေရာနှစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News ၏ ဖော်ပြချက်အရ ရုရှားလေတပ်သည် ဆီးရီးယားနိုင်ငံ၊ Deir Ezzor ရှိ အကြမ်းဖက် ခိုအောင်း ရာနေရာနှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ရုရှားစစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

မနေ့က ရုရှားလေတပ်က al-Tanf နှင့် Deir ez-Zor ဒေသတွေမှာ အကြမ်းဖက်သမားတွေ ပုန်းအောင်း နေတဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန လက်ထောက် အကြီးအကဲ Oleg Ignasiuk မှ Astana ငြိမ်းချမ်းရေး ဆွေးနွေးမှု ၏ အာမခံ နိုင်ငံ အဖြစ် ၂၀၁၇ ခုနှစ် အီရန်၊ ရုရှား နှင့် တူရကီ တို့ကြား သဘောတူညီချက် အရ ဆီးရီးယား တွင် ဘေးကင်း ဇုန် လေးခု ထူထောင် ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တွင် နယ်မြေသုံးခုကို ဆီးရီးယားစစ်တပ်က ထိန်းချုပ်ထားသော်လည်း ဆီးရီးယား အနောက် မြောက်ပိုင်းရှိ Idlib ပြည်နယ် Latakia၊ Hama နှင့် Aleppo ၏ သေးငယ်သော အစိတ် အပိုင်းများ ပါဝင်သော စတုတ္ထနယ်မြေသည် အကြမ်းဖက်အုပ်စုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ် ပါတယ်။

၂၀၁၈ ခုနှစ်တွင် ရုရှား နှင့် တူရကီခေါင်းဆောင်များသည် ရုရှနိုင်ငံ ဆိုချီမြို့ တွင် သဘောတူညီချက်တစ်ခုရရှိခဲ့ပြီး တူရကီသည် သွေးထွက်သံယိုမရှိဘဲ အကြမ်းဖက်သမားများကို လက်နက်ဖြုတ်သိမ်းရန် သို့မဟုတ် လက်နက် ဖြုတ်သိမ်း ရန် ကတိပြုခဲ့ပါတယ်။

.......................................................

END / 251