အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News ၏အဆိုအရ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဇဲလ်ဘင်န်ဖရ်ဟန် သည် ဘဂ္ဂဒက်သို့ တရားဝင် အလည်အပတ် ခရီး အဖြစ် ရောက်ရှိနေပြီဖြစ်ပါတယ်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဇဲလ်ဘင်န်ဖရ်ဟန် သည် ၎င်း၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများနှင့် နောက်ဆုံးရ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အီရတ်အရာရှိများနှင့် ဆွေးနွေး မည်ဖြစ်ကြောင်း Shafaq News သို့ ပြောကြားခဲ့ပါတယ်။
အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံစလုံး၏ ပူးပေါင်းအားထုတ်မှုများ အားကောင်းစေရန်နှင့် အပြန်အလှန် စိုးရိမ်မှုများကို ဖြေရှင်းရန် ဆုံးဖြတ်ချက်ကို ရည်ညွှန်းကြောင်းနှင့် လက်ရှိ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို မြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် လိုအပ်ကြောင်း သတင်းရင်းမြစ်များက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အီရတ်နှင့် ဆော်ဒီအာရေးဗီးယားတို့သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်း လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် ၎င်းတို့၏ ဆက်ဆံရေးကို ခိုင်မာစေရန် အာရုံစိုက်နေကြပါတယ်။
ဆော်ဒီအာရေဗျသည် အီရတ်တွင် ဒေါ်လာငါးဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုကို ကြေညာခဲ့ပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာလည်း သိသာထင်ရှားစွာ တိုးမြင့်လာခဲ့ကြောင်း သိရပါတယ်။
တရားဝင်အချက်အလက်များအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အထိ ၅၀ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
ထို့အပြင် ပြီးခဲ့သည့်ဇူလိုင်လတွင် အီရတ်လျှပ်စစ်ဝန်ကြီးဌာန နှင့် ဆော်ဒီစွမ်းအင်ဝန်ကြီးဌာနတို့သည် လျှပ် စစ်ဓာတ် အား ကူးပြောင်းမှု ပရောဂျက်ကို တိုးတက်စေမည့် နည်းပညာဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။
.......................................................
END / 251