အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နယ်ချဲ့ အစ္စရေး တို့၏ ဘေရွတ်တိုက်ခိုက်မှု ဖြင့် ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ရှဟီးဒ်ဘွဲ့ ခံယူသွားပြီး ဖြစ်ကြောင်း ဟစ်ဘွလ္လာဟ် အဖွဲ့ မှ ထုတ်ပြန်ချက် ထုတ် ပြန်ခဲ့ပါတယ်။
အစ္စရေးနှင့် စစ်ပွဲ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ပြီး ဂါဇာနှင့် ပါလက်စတိုင်းတို့အား ထောက်ခံအားပေးရန်နှင့် လက်ဘနွန်ကို ကာကွယ်ရန် ဂျေဟာဒ် များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟစ်ဘွလ္လာဟ် အဖွဲ့ မှ ပြောကြားခဲ့ပါတယ်။
ထုတ်ပြန်ချက်၏စာသားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
بسم الله الرحمن الرحیم
သို့ဖြစ်ပေရာ အလ္လာဟ်ဟို အရှင်မြတ် သခင် ၏လမ်းတော်၌ တိုက်ပွဲဝင်ကြသူများသည် ဤလောက ၏အသက်တာကို နောင်တမလွန်ဘဝအတွက်လည်လဲ လိုက်ခြင်း ဖြစ်ပေသည်။ အလ္လာဟ်ဟို အရှင်မြတ် သခင် ၏ လမ်းတော်၌ တိုက်ပွဲဝင်ကြသူများသည် သတ်ဖြတ်ခြင်းခံရသူများ သို့မဟုတ် ရန်သူ အပါ် အောင်နိုင် သူများဖြစ်ကြ ပါသည်။ ငါအရှင်မြတ်သည် ၎င်းတို့အား ကြီးစွာသောဆုလာဘ်ကို ပေးတော်မူမည်။
H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် သည် ကြံ့ကြံ့ခံ ခုခံ သည့် ဆယက်ဒ် ၊ အဗ်ဒိုလ်ဆွာလေဟ် ( မြတ်အလ္လာဟ်၏ သူတော်စင်ကျေးကျွန်) ၊ ကြီးမားသည့် ရှဟီးဒ် ၊ ရဲရင့်သော ခေါင်းဆောင်တစ်ဦး နှင့် အမြော်အမြင်ရှိသော မိုအ်မင် တစ်ဦး အနေဖြင့် အလ္လာဟ့် ၏ လမ်း နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ လမ်းစဥ် တွက် ဘဝတည်ဆောက်ပြီ ကရ်ဗလာ ၏ ရှဟီးဒ် တော်များ ထံ သွားရောက်သွားသူဖြစ်ပါတယ်။
ဟစ်ဘွလ္လာဟ် လက်ဘနွန် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် သည် အနှစ်သုံးဆယ်ကြာ စဉ်ဆက်မပြတ် အောင်မြင်မှုများဆွတ်ခူးပေးခဲ့ပြီး အောင်ပွဲအထွတ်အထိပ်သို့ ရောက်အောင် ပို့ဆောင်ပေးရင်း ထာဝရ အာဇာနည်ကြီးများထံ သွားရောက်သွားသူဖြစ်ပါတယ်။
ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် သည် ၁၉၉၂ ခုနှစ်တွင် ဆယက်ဒိုရှိုဟဒါ ၏ ကြံ့ကြံ့ခံ ခုခံ မှုနေရာ ကို ဆက်ခံခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် လက်ဘနွန်တောင်ပိုင်း လွတ်မြောက်ရေး ကိုဆွတ်ခူးပေးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ကြီးမားသည့် အောင်မြင်မှု ကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပြီးနောက် မဇ်လူးမ် ပါလက်စတိုင်းနှင့် ဂါဇာကမ်းမြောင်များ ကို ကူညီဖေးမ ရန် အတွက် တော်လှန်ရေးကို ဆက်လက် ဆင်နွဲနေသူ ဖြစ်ပါတယ်။
ဤကြီးစွာသော ဘေးဆိုးကြီးတွင် အေမာမ်ဇမာန်း (အ.ဂျ )၊ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၊ မရ်ဂျာတော်များ ၊ မိုဂျာဟစ်ဒ်ဒီးန်များ ၊ ကြံ့ကြံ့ခံ ခုခံ နေသည့် လက်ဘနွန်ပြည်သူများ ၊ အစ္စလာမ်လောကတစ်ခုလုံး နှင့် ၊ ကမ္ဘာ့တွင် အဖိနှိပ် အရက် စက်ခံနေသူများ နှင့် ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ ကျန်ရစ်သူ မိသားစုများ အား ဝမ်းနည်း ကြေကွဲကြောင်း နှင့် ကိုယ်ချင်းစာ ကြောင်း ဖော်ပြအပ်ပါတယ်။
ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် မှ အမြင့်ဆုံး အာဇာနည်ဖြစ်သည့် အေမာမ် ဟိုစိုင်းန် (အ.စ) ဆုတံဆိပ် ကို ဆွတ်ခူးနိုင်ပြီး ကွတ်ဒ်စ် နှင့် ပါလက်စတိုင်း၊ ၏ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းစဉ် ၎င်း၏ မြင့်မားသော ယုံကြည်ခြင်းနှင့် စိတ်ရင်းမှန်ဖြင့် ရှဟီးဒ် (အာဇာနည် ) ဘွဲ့ ခံယူသွားခြင်း အတွက် ကျွန်ုပ်တို့ မိုဘာရတ်က် ပြောကြားအပ်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် ဖြစ်ကြသော ဤ ကြီးကျယ်ခမ်းနားသော ရှဟီးဒ် အဖွဲ့တွင် ပါဝင်ခဲ့ကြသည့် အာဇာနည် အပေါင်းအဖော်များ ကိုလည်း မိုဘာရတ်က် ပြောကြား အပ်ပါတယ်။
ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ ခေါင်းဆောင်မှုတွင် ရန်သူအား ဆန့်ကျင်တော်လှန် ရေး ကို ဆက်လက်လုပ်ဆောင်နေမှာ ဖြစ်ပြီး ဂါဇာနှင့် ပါလက်စတိုင်းတို့၏ ထောက်ခံမှုဖြင့် လက်ဘနွန်၏ ဂုဏ်အသရေနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်သွားမည် ဖြစ်ကြောင်း နေမဝင်စတေးမှုများကို ပိုင်ဆိုင်ထားကြသည့် အာဇာနည်ကြီးများကို ကတိပြုပါတယ်။
အို မိုဂျာဟစ်ဒ်ဒီးန်များ ၊ ကြံ့ကြံ့ခံ ခုခံ နေသည့်အစ္စလာမ့် သူရဲကောင်းများ၊ သင်တို့သည် ရှဟီးဒ် အဇီးဇ် (H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ) ၏ အမာနသ်များ (ယုံကြည်အားကိုးခြင်းခံထားရသူများ) နှင့် ဆယက်ဒ် ၏ ပြောပြမရနိုင်သည့် စူပါပါဝါများ ဖြစ်ကြပါတယ်။ ကျွန်ုပ်တို့၏ ခေါင်းဆောင် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် သည် ယခင်ကကဲ့သို့ မိမိ ၏ တော်လှန်ရေး အတွေးအခေါ်၊ မူဝါဒနှင့် လုပ်ဆောင်ချက်ဖြင့် ကျွန်ုပ်တို့ကြားတွင် ရှိပြီး၊ သင်တို့ မိုဂျာဟစ်ဒ်ဒီးန်များ သည်လည်း အောင်ပွဲခံ အောင်မြင်သည်အထိ ခံနိုင်ရည်ရှိမှုနှင့် ဇွဲလုံ့လတို့ဖြင့် မိမိတို့ ပြုထားသည့် ကတိကဝတ်ကို ပြုကြမည် ဖြစ်ပါတယ်။
.......................................................
END / 251