အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်း အထောက်အထားများ အရ ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ လက်ထက် အကြီးအကဲ ဖြစ်သူ H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် ရှဟီးဒ် ဖြစ်ပြီးနောက် မိမိ၏ ပထမ ဆုံး ခွသ်ဗဟ် တွင် မိန့်ကြားတော် မှာ မိမိ အနေ ဖြင့် မိမိ ဘဝ ၏ အနာကျင်ဆုံး အခိုက်အတန့်တွင် ပြောကြားနေသည် ဖြစ်ကြောင်း အကြောင်းမှာ မိမိချစ်ရသည့်သူ ၊ ညီအစ်ကို လို ဖြစ်သူ နှင့် ကြင်နာတတ်သည့် ဖခင် ကဲ့သူ ကို ဆုံးရှုံးလိုက်ရ သည့် အတွက်ကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
အစ္စရေးသည် လက်ဘနွန်၏ နယ်ပယ်အားလုံးတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း အရပ်သားများ၊ ကျန်းမာရေးအဖွဲ့အစည်းများ၊ အလ်ရေစာလဟ် ကင်းထောက်များ၊ ကလေးများ၊ အမျိုးသမီး များ နှင့် သက်ကြီးရွယ်အိုများကို ၎င်းတို့၏နေအိမ်များတွင် တိုက်ခိုက်လျက်ရှိကြောင်း H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ပြောကြားခဲ့ပါတယ်။
H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ အမေရိကန်သည် ဇီယွန်ဝါဒီအစိုးရကို အပြည့်အဝ ထောက်ခံပြီး ကူညီနေကြောင်း နှင့် ဤအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ၎င်းနှင့်အတူ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ လက်ထက် အကြီးအကဲ ဖြစ်သူ H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ဆက်လက်ပြီး ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် သည် မိမိ ၏ ရှိသမျှကို အလ္လာဟ် ဟို အရှင်မြတ် သခင်လမ်းတော်၌ ပေးအပ် ခဲ့ကြောင်း၊ မိုဂျာဟစ်ဒ်ဒီးန်များ ကို ချစ်ခင်မြတ်နိုးသူ ဖြစ် ကြောင်း၊ ပါလက်စတိုင်း၏ လွတ်လပ်မှုကို ချစ်မြတ်နိုးသူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ H.I ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် သည် ရှဟီးဒ် ဘွဲ့ ခံယူ သွားပြီး ဖြစ်ခဲ့သော်လည်း ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ လှုပ်ရှားမှုများ လျော့နည်းသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟိုင်ဖာမှာ ဟစ်ဘွလ္လာဟ် မှ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်ပြီးနောက် အစ္စရေး တစ်သန်းကျော် ခိုလှုံရာများ မှာ ပုန်းနေခဲ့ကြောင်း ဇီယွန်ဝါဒီအစိုးရ ပြောဆို စွပ်စွဲနေသည့် H.I ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် သည် ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ တပ်မှူး ၂၀ တို့ တွေ့ဆုံသည့် သတင်းသည် အခြေအမြစ်မရှိ ကြောင်း ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ် ၏ အရိုက်အရာ ဆက်ခံမည်သူ နှင့် တပ်မှူး များ စာရင်းကို ရေးဆွဲနေကြောင်း မိမိတို့ သည် စစ်မြေပြင် တွင် ရှိနေကြောင်း လက်ဘနွန်နယ်နိမိတ်အတွင်းသို့ ဇီယွန်ဝါဒီ စစ်တပ်များ ဝင်ရောက်လာပါက ဟစ်ဘွလ္လာဟ် တပ်သားများက ၎င်းတို့အား တိုက်ခိုက်ရန် အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ပြောကြားခဲ့ပါတယ်။
ဇီယွန်ဝါဒီအစိုးရသည် မိမိ တို့၏အာဏာကို မဖျက်ဆီးနိုင်ကြောင်း ဒီစစ်ပွဲက ရှည်လျားပြီး ရွေးချယ်စရာတွေ အများကြီးရှိကြောင်း ၂၀၀၆ ခုနှစ် စစ်ပွဲကဲ့သို့ပင်၊ ဤတစ်ကြိမ်တွင် မိမိ တို့သည် စစ်ကွင်း ၏ အောင်နိုင်သူများ ဖြစ်လိမ့်မည်ကြောင်း ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ လက်ထောက် အကြီးအကဲ မှ ဆက်လက် ပြောကြားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ လက်ထက် အကြီးအကဲ ဖြစ်သူ H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ မိမိ အဖွဲ့ ၏တပ်မှူးများ နှင့် IRGC ဗိုလ်မှူးချုပ် အဘာစ် နီးလ်ဖရူရှန်း တို့၏ လုပ်ကြံ သတ်ဖြတ် ခံရ မှု အတွက် ဝမ်းနည်း ကြေကွဲ ကြောင်း ပြောကြားကြောင်း ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် သည် အေမာမ် ခိုမေနီ (ရ.ဟ) နှင့် ရဲဟ်ဗရ်အင်န်ကေလာဗ်အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ တို့၏ စစ်မှန်သည့် နောက်လိုက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251