အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar New သတင်းအထောက်အထားများအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကြီ သည် မိမိ နှင့် ရာထူးတူ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ပဒရ် အဗ်ဒိုလ်အာ သွီ နှင့် ဒေသတွင်း နောက်ဆုံးအခြေအနေများကို တနင်္လာနေ့က ဆွေးနွေးခဲ့ပါတယ်။
အစီရင်ခံစာအရ အီရန်နှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဟာ လက်ဘနွန်နှင့် ဂါဇာကမ်းမြောင်တို့တွင် ဇီယွန်ဝါဒီ အစိုးရ၏ တိုက်ခိုက်မှုများ ကို ရပ်တန့်ဖို့နှင့် စစ်ဒဏ်ကြောင့် ရွှေ့ပြောင်းဒုက္ခသည်တွေကို လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ သံတမန်ရေးရာ ကြိုးပမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ဤ တယ်လီဖုန်းပြောဆိုမှုမှာ အလေးပေး ပြောကြားခဲ့ကြ ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကြီ မိမိ အနေဖြင့် မကြာသေးမီက ဘေရွတ်သို့ သွား ရောက်လည်ပတ်မှုနှင့်ပတ်သက်၍ လက်ဘနွန်၏ အစ္စလာမ်မစ် တော်လှန်ရေး ဟစ်ဘွလ္လာဟ် အဖွဲ့သည် အလွန်ကောင်းမွန်သော အနေအထားတွင် ရှိနေကြောင်း ပြောကြား ခဲ့ပါတယ်။
လက်ဘနွန်မှ ဟစ်ဘွလ္လာဟ် အဖွဲ့မှ မိုဂျာဟစ်ဒ်ဒီးန် များသည် ဇီယွန်နစ် စစ်တပ်၏ မြေပြင်တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အပြည့်အဝ ပြင်ဆင်ထားကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကြီ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ သည် ဒေသတွင်း စစ်ပွဲနှင့် တင်းမာမှုများကို မပြန့်ပွား စေလိုသော်လည်း စစ်ပွဲကို လုံးဝကြောက်ရွံ့ခြင်းမရှိကြောင်း ဇီယွန်ဝါဒီအစိုးရ၏ လူမဆန်သည့် တိုက်ခိုက်မှု တိုင်း နှင့် တိုက်ခိုက်မှု အသစ်တိုင်း ကို ပြန်လည် တုံ့ပြန်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251