အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
aaj.tv သတင်း အထောက်များအရ အီရန်နျူကလီးယားစက်ရုံများကို အစ္စရေးက တိုက်ခိုက်မှုများ နှင့် ပတ်သက်၍ ပြောဆိုမှုများရှိခဲ့သော်လည်း လက်တွေ့တွင် အလွန်ခက်ခဲသောကိစ္စဖြစ်သည်။ အီရန် နျူကလီးယားစက်ရုံများကို အစ္စရေးက တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့ပါတယ်။
အီရန် ၏ နျူကလီးယားစက်ရုံများကို ပစ်မှတ်ထားသင့်သည်ဟု အစ္စရေးတွင် အစွန်းရောက်ဝါဒီများ ရှိနေသော်လည်း ထိုဆုံးဖြတ်ချက်သည် အစ္စရေးအစိုးရအတွက် အလွန်ခက်ခဲမည်ဖြစ်ပါတယ်။ တစ်ဖက်တွင် အမေရိကန် ၏ သဘောတူညီချက် လိုအပ်ပြီး တစ်ဖက်တွင် နည်းပညာဆိုင်ရာ ရှုပ်ထွေးမှုများ ရှိနေတာ ဖြစ်ပါတယ်။
အီရန်၏ နျူကလီးယားစက်ရုံများသည် အစ္စရေးနှင့် ကီလိုမီတာ ၁၀၀၀ ကျော်အကွာတွင် တည်ရှိပြီး အစ္စရေး ဗုံးကြဲလေယာဉ်များသည် ထိုနေရာသို့ ပြန်ရောက်ရန် ဆီဖြည့်ရန် လိုအပ်မည်ဖြစ်ပါတယ်။
အဓိကအခက်အခဲမှာ အစ္စရေးလေယာဉ်များသည် အီရန်လေပိုင်နက်အတွင်း လည်ပတ်ရန် အစောင့် အကြပ် တပ်စု တစ်ခု လိုအပ်မည်ဖြစ်ပါတယ်။ သတိထား ခန့်မှန်းချက် တစ်ခုအရ အစ္စရေးလေတပ်သည် အီရန်၏ နျူကလီးယား စက်ရုံများကို ပစ်မှတ်ထားရန် လေယာဉ်အစင်းရေ ၁၀၀ ခန့် လိုအပ်မည် ဖြစ်ပါတယ်။
နယ်ချဲ့ အစ္စရေး အနေဖြင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နျူကလီးယားစက်ရုံများ တိုက်ရန် အကွာအဝေးကြောင့် အစ္စရေးလေယာဉ်များသည် အီရတ်၊ ဆီးရီးယားနှင့် ဂျော်ဒန်တို့၏ လေပိုင်နက်ကို ဖြတ်သန်းရမည်ဖြစ်ပြီး ဤသုံးနိုင်ငံထံမှ ခွင့်ပြုချက်ရယူရန် လိုအပ် မည် ဖြစ်ပါတယ်။
အစ္စရေးကို မိမိ ၏ လေပိုင်နက်မှအီရန်ကို တိုက်ခိုက်ရန် ခွင့်ပြုသည့် မည်သည့်နိုင်ငံကိုမဆို လက်တုံ့ပြန်ရန် ပြင်ဆင်ရမည်ဟု အီရန်က သတိပေးထားပြီးဖြစ်ပါတယ်။
အီရန်၏ အဓိကနျူကလီးယားစက်ရုံနှစ်ခုသည် Natanz နှင့် Fordo တွင်တည်ရှိသည်ဟူသောအချက်ကို လျစ်လျူမရှုနိုင်ပေ။ Natanz ရှိ ယူရေနီယံ သန့်စင်ရေး စက်ရုံသည် အလွန်နက်ရှိုင်းသည့်နေရာတွင် ရှိပြီး Fordo သည် တောင်၏ အလယ်ဗဟိုတွင် တည်ရှိနေတာဖြစ်ပါတယ်။
ဤနျူကလီးယားစက်ရုံများကို ဖျက်ဆီးရာတွင် မီတာဆယ်ဂဏန်းရှိသော ကျောက်တုံးများနှင့် အားဖြည့် ကွန်ကရစ်များကို ဖြတ်ကျော်နိုင်သော ဗုံးများ လိုအပ်မှာ ဖြစ်ပါတယ်။
နယ်ချဲ့ အစ္စရေးသည် ပြီးခဲ့သည့်လက ဘေရွတ်မြို့ရှိ အဆောက်အအုံလေးခုပေါ်၌ ပေါင် ၂,၀၀၀ အလေးချိန်ရှိ GBU-31 ဗုံးကြဲချခဲ့ပြီး ဟစ်ဇ်ဘွလ္လာဟ် အကြီးအကဲ H.I ဆယက်ဒ် ဟစန် နစရိုလ် လ္လာဟ် ကို လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။ ဒီဗုံးဟာ အီရန်ရဲ့ နျူကလီးယား စက်ရုံများ ကို ဖျက်ဆီးပစ်လို့ ရမှာ မဟုတ်ကြောင်း သိရပါတယ်။
အီရန်ရဲ့ နျူကလီးယား စက်ရုံ ကို ဖျက်စီးရန် အတွက် အလေးချိန် ၆ မီတာရှည်ပြီး ပေါင် ၃၀၀၀၀ အလေးချိန်ရှိသော ဗုံးတစ်လုံး လိုအပ်ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင် ဒါီဗုံးရှိပါတယ်။ နယ်ချဲ့ အစ္စရေးမှာ ဒီဗုံး ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဤဗုံးများသည် F-၁၆၊ F-၁၅ နှင့် F-၃၅ တို့မှ မသယ် ဆောင်နိုင် ကြောင်း သိရပါတယ်။
နယ်ချဲ့ အစ္စရေးအနေဖြင့် အီရန် ရေနံစက်ရုံ များ ကို ပစ်မှတ်ထားနိုင်ပါတယ်။ ကြီးကြီးမားမား တိုက်ခိုက်မှု တစ်ခုခု ဖြစ်ပါက ဒေသတွင်း စစ်ပွဲကြီး ဖြစ်နိုင်ချေ ရှိပါတယ်။ နယ်ချဲ့ အစ္စရေးက အီရန် ၏ စစ်စခန်းများ ကို ပစ်မှတ်ထားရင်လည်း အီရန် ဘက်မှ ပြင်းထန်တဲ့ တုံ့ပြန်မှုများ နှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
.......................................................
END / 251