၁၁ အောက်တိုဘာ ၂၀၂၄ - ၀၉:၅၉
ယီမင် လက်နက်ကိုင် တပ်ဖွဲ့များက အမေရိကန် ရေနံတင် သင်္ဘောကို တိုက်ခိုက်

ပင်လယ်နီရှိ အမေရိကန် ရေနံတင်သင်္ဘောကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယီမင် စစ်တပ်ပြော ရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar New သတင်းအထောက်အထားများအရ ယီမင်စစ်တပ်သည် ပင်လယ်နီနှင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ သင်္ဘောများကို တိုက်ခိုက်မည်ဟု Al-Masira အား ကိုးကား၍ Maher သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်ရှိ ဖိနှိပ်ခံပြည်သူများနှင့် စည်းလုံးညီညွတ်မှုကို ဖော်ပြရန်အတွက် ယီမင် စစ်တပ်သည် ပင်လယ်ပြင်တွင် စစ်ဆင်ရေးနှစ်ခု လုပ်ဆောင်ခဲ့ကြောင်း ယီမင်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် မှ ပြောကြားခဲ့ပါတယ်။

ယီမင်စစ်တပ်သည် ပင်လယ်နီရှိ အမေရိကန် ရေနံတင်သင်္ဘော အိုလံပစ် Spirit ကို ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ သင်္ဘောမှာ ဆိုးရွားစွာ ပျက်စီးသွားခဲ့ကြောင်း ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် မှ  ပြောကြားခဲ့ ပါတယ်။

ဒုတိယမြောက် တိုက်ခိုက်မှုသည် အိန္ဒိယသမုဒ္ဒရာတွင် ယီမင်စစ်တပ်မှ သင်္ဘောတစ်စင်းကို ဒုံးကျည်များ အကူအညီဖြင့် ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ပါတယ်။

ယီမင်စစ်တပ်က သတိပေးနေသော်လည်း သင်္ဘော ပိုင်ရှင်သည် ဇီယွန်နစ် ဆိပ်ကမ်းများသို့ သင်္ဘော ကို ခေါ်ဆောင်ရန် ကြိုးစားနေကြောင်း ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် မှ  ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်တို့အပေါ် ဇီယွန်ဝါဒီများ၏ ရန်စမှုများ ပြီးဆုံးသည်အထိ ပင်လယ်နီဒေသတွင် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် မှ   ဆက်လက်  ပြောကြားခဲ့ပါတယ်။

.......................................................

END / 251