အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းဌာန ၊ Maher News Agency ၏ အစီရင်ခံစာအရ Al-Jazeera ကို ကိုးကား၍ ဇီယွန်အစိုးရ မီဒီယာများက လက်ဘနွန် ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့ပိုင် မောင်းသူမဲ့လေယာဉ် ပေါက်ကွဲမှုကြောင့် ဇီယွန်စစ်သည် အများအပြား ဒဏ်ရာရခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ဟိုင်ဖာမြို့တောင်ပိုင်းရှိ ဇီယွန်အစိုးရ၏ စစ်အခြေစိုက်စခန်းတွင် ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်မှု ကြောင့် ဒဏ်ရာရရှိသူ အရေအတွက်မှာ ၆၇ ဦးအထိ တိုးမြင့်လာခဲ့ပြီး ဇီယွန်ဝါဒီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း ဇီယွန်အစိုးရ မီဒီယာက ကြေညာခဲ့ပါတယ်။
တစ်ဖက်တွင်မူ ဇီယွန်အစိုးရ၏ မီဒီယာများက ဟိုင်ဖာမြို့မြောက်ဘက် ကီရွတ်တွင် ပေါက်ကွဲသံများ အများ အပြားကြားခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။
လက်ဘနွန်ရှိ ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့၏ စစ်ဆင်ရေးကြောင့် ဇီယွန်ဝါဒီများ အများအပြား ဒဏ်ရာရခဲ့ပြီး လေးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း တောင်ဟိုင်ဖာရှိ Benjamina တွင် ဇီယွန်အစိုးရ၏ တပ်မတော် ရေဒီယိုက ၎င်း၏ နောက်ဆုံးအစီရင်ခံချက်တွင် ကြေညာခဲ့ပါတယ်။
ဒဏ်ရာရဇီယွန်ဝါဒီများကို ဆေးရုံသို့ပို့ဆောင်ရန်အတွက် ရဟတ်ယာဉ်အမြောက်အမြားနှင့် လူနာတင်ယာဉ် အစီး ၅၀ တို့ကို အချို့မီဒီယာများက ဖော်ပြခဲ့ပါတယ်။
.......................................................
END / 251