အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာအရ ဂျော်ဒန်ဘုရင် နှင့် တွေ့ဆုံရာတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ဂါဇာနှင့် လက်ဘနွန်တွင် အီရန်၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသတွင်း အကျပ်အတည်းဖြစ်ရသည့် အကြောင်းရင်းများကို မီးမောင်းထိုးပြကာ ဂါဇာနှင့် လက်ဘနွန်တို့အပေါ် စစ်ပွဲနှင့် ရန်စမှုများအတွက် ဇီယွန် ဝါဒီအာဏာပိုင်များကို တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
အစောပိုင်းတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ၎င်း၏ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း တွေ့ဆုံခဲ့ပြီး ဂါဇာနှင့် လက်ဘနွန်တို့ အပါအဝင် ဒေသတွင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံ မှုမှာ အီရန်နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်းနိုင်ငံတွေရဲ့ စုပေါင်းလုပ်ဆောင်မှုဟာ ဇီယွန်စစ်တပ်၏ ရန်စမှုများ ကို ရပ်တန့်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂျော်ဒန် မတိုင်မီတွင် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ဂါဇာနှင့် လက်ဘနွန်တွင် ဇီယွန်ဝါဒီများ၏ ရန်စမှုများကို ရပ်တန့်ရန်အတွက် လက်ဘနွန်၊ ဆီးရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ကာတာ၊ အီရတ်နှင့် အိုမန်သို့ သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။
.......................................................
END / 251