အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဇီယွန်အစိုးရသည် ဆီဆာရီယာရှိ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ အိမ်တော်ကို ဟစ်ဘွလ္လာဟ် မှ ပစ်မှတ် ထားတိုက်ခိုက်သည့်သတင်းကို ဇီယွန်အစိုးရမှ မထုတ်ဝေရန် အမိန့်ထုတ်ထားကြောင်း အလ်ဂျာဇီးရား မှ ဘရူးမီဒီယာကို ကိုးကား၍ ဖော်ပြခဲ့ပါတယ်။
နေတန်ယာဟု၏နေအိမ်ကို ဟစ်ဇ်ဘိုလာ၏ ဒရုန်းတိုက်ခိုက်မှုသတင်းကို လူတိုင်းသိကြောင်း ဇီယွန် မီဒီယာက ပြောကြားခဲ့ပါတယ်။
အခြားတစ်ဖက်တွင်မူ ဇီယွန်ဝါဒီတပ်ဖွဲ့သည် ဟစ်ဘွလ္လာဟ် တိုက်ခိုက်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး မှုတစ်ရပ်ကို ယနေ့နံနက်တွင် စတင်ခဲ့ကြောင်း သိရှိရပါ တယ်။
ဟစ်ဘွလ္လာဟ် မှ ယနေ့ စနေနေ့ မနက်ပိုင်း တွင် တိုက်ခိုက်ခဲ့ပေမဲ့ အကြမ်းဖက်လူသတ်သမား ဘင်ဂျမင် နေတန်ယာဟု နှင့်ဇနီး သည် နေအိမ်တွင် မရှိဘဲ အခြားနေရာတွင် ရှိနေ၍ အသက်ချမ်းသာရ ရခဲ့ကြပါတယ်။
ဟစ်ဘွလ္လာဟ်ဤ တိုက်ခိုက်မှု ကြောင့် အစ္စရေး အာဏာပိုင်များ နှင့် အရပ်သားများ သည် မိမိတို့ မလုံခြုံ တော့ကြောင်း သိရ၍ အလွန် စိုးရိမ် ထိတ်လန့်နေကြကြောင်း သိရပါတယ်။
.......................................................
END / 251