အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လက်ဘနွန် ဟစ်ဘွလ္လာဟ် ၏ မီဒီယာအရာရှိ မိုဟမ္မဒ် အဖီးဖ် မှ ယနေ့ အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဟစ်ဘွလ္လာဟ် သည် ဆီဆာရီယာရှိ နေတန်ယာဟု၏ အိမ်အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဇီယွန်ဝါဒီရန်သူကို အောင်နိုင်သည်အထိ ဆက်လက်ခုခံမှုကို အလေးပေးပြောဆိုရင်း ကျွန်ုပ်တို့ အနေဖြင့် တရားခံ နေတန်ရာဟု ကို ပြောကြား လိုသည် မှာ - အကယ်၍ အတိတ် မှာ ကျွန်ုပ်တို့ ဟာ သင်ထံ မရောက်ခဲ့ရင်တောင် ယခု အခါ သင့် နှင့် ကျွန်ုပ်တို့ အကြား နေ့ရောညပါ ကွင်းပြင်မှာ ဘယ်သူက အောင်နိုင်မလဲဆိုတာ သိရမည် ဖြစ်ကြောင်း ကျွန်ုပ်တို့သည် အလံဖြူကို ဘယ်တော့မှ လွှင့်မည်မဟုတ်ကြောင်း ဇီယွန်ဝါဒီများအား အသိပေးကြောင်း "မီးနှင့်သွေး၊ သွေးနှင့်မီး" ဟာ ကျွန်ုပ်တို့ရဲ့ အဖြေ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟစ်ဘွလ္လာဟ် ၏ မီဒီယာအရာရှိမှ ထပ်လောင်းပြောကြားသည်မှာ - ကျွန်ုပ်တို့သည် ဇီယွန်ဝါဒီရန်သူကို ဆန့်ကျင် သည့်နေ့စဉ် စစ်ဆင်ရေး ၂၅ ခုကို စီစဉ်ပေးကြောင်း ခုခံဖွဲ့စည်းပုံသည် အခြေအနေကောင်းမွန်ပြီး စစ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အထောက်အပံ့များသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ် ကြောင်း ကျွန်ုပ်တို့၏ ဒုံးကျည်များသည် ဟိုင်ဖာရှိ ပစ်မှတ်များကို ထိမှန်ပြီး ခုခံတိုက်ခိုက်ရေးသမားများက ရန်သူတင့်ကားများကို ပစ်မှတ်ထားပြီး ဇီယွန်နစ်စစ်သားများကို ဖျက်ဆီးပစ် နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
မိုဟမ္မဒ် အဖီးဖ် မှ ထပ်၍ ကျွန်ုပ်တို့၏ အကျဉ်းသားများ၏ တာဝန်မှာ ဇီယွန်ဝါဒီရန်သူနှင့် သက်ဆိုင်ကြောင်း အစ္စရေး စစ်သားတွေက ငါတို့ကို သိမ်းထားတာ သိပ်မကြာခင်ဘဲ ငါတို့ အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ငါတို့ ညှိနှိုင်းမည် ဖြစ်ကြောင်း အကျဉ်းသား လဲလှယ်ရေး အတွက် သွယ်ဝိုက် ညှိနှိုင်းမှု များ မကြာ မီ တွင် ပြုလုပ်မည် ဖြစ်ကြောင်း ကျွန်ုပ်တို့၏ အာဇာနည်များအား ကြေငြာထားသည့်အတိုင်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အကျဉ်းသားများကို ထောင်ထဲတွင် လွတ်ထားမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဇီယွန်ဝါဒီများကို အမေရိကန်က လက်နက်များပေးသည်ဟု အလေးပေးကာ အမေရိကန်ကို “အကြမ်းဖက်သမား များ၏မိခင်နှင့် ဂါဇာနှင့် လက်ဘနွန်တို့တွင် ရာဇ၀တ်မှုများအတွက် ပထမဆုံး တာဝန်ရှိသည်” ဟု မိုဟမ္မဒ် အဖီးဖ် မှ ပြောကြားလိုက်ပါတယ်။
လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် ၏ မီဒီယာတာဝန်ရှိသူမှ ဂိုဒေါင်များနှင့် လက်နက်များ ဖွံ့ဖြိုးတိုးတက်ရေး စင်တာများ၏ ဇာတ်လမ်းကို စိတ်ကူးယဉ်ပြီး အခြေအမြစ်မရှိသော အကြောင်းပြချက်များဖြစ်ကြောင်း ကရ်ဇ်ဇိုလ်ဟစန် စင်တာများကို ဗုံးခွဲတိုက်ခိုက်ခြင်းအတွက် အကြောင်းပြချက်မရှိကြောင်း ဟစ်ဘွလ္လာဟ် အနေဖြင့် ကရ်ဇ်ဇိုလ်ဟစန် စင်တာများ မှ ငွေကြေးယူသည်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
လက်ဘနွန်တောင်ပိုင်းတွင် ဇီယွန်ဝါဒီ အခြေချနေထိုင်မှုမျိုး မတည်ဆောက်ရဟု အလေးပေးပြောကြားခဲ့ပြီး “မီးအောက်မှာ ဆွေးနွေးမှုတွေက ရလဒ်တွေ ထွက်ပေါ်လာမှာ မဟုတ်ကြောင်း” လက်ဘနွန် Nabi Beri အစိုးရအပေါ်ကျွန်ုပ်တို့အပြည့်အဝယုံကြည်မှုရှိကြောင်း ကျွန်ုပ်တို့၏ ရပ်တည်ချက်မှာ လုံးဝ ရှင်းရှင်း လင်းလင်း ပြတ်သားကြောင်း ဟစ်ဘွလ္လာဟ် မီဒီယာ အရာရှိ မိုဟမ္မဒ် အဖီးဖ် မှ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251