အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် Maher News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း BRICS အစည်းအဝေးတွင် ပါဝင်ရန် ရုရှားနိုင်ငံသို့ ယနေ့ ရောက်ရှိလာပြီဖြစ် ပါတယ်။
ဒီအစည်းအဝေးမှာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ ဒေသတွင်း တင်းမာမှုတွေ မပြန့်ပွားအောင် တားဆီးဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
အီရန်သမ္မတက ရုရှားနိုင်ငံ၌ အိန္ဒိယ၀န်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံစဉ် ယင်းတွေ့ဆုံပွဲတွင် အီရန်သမ္မတနှင့် အိန္ဒိယ ဝန်ကြီးချုပ် တို့သည် အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ ခေါင်းစဉ်အမျိုးမျိုးကို ဆွေးနွေးခဲ့ကြပါတယ်။
အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာပူတင်၏ ဖိတ်ကြား ချက်အရ BRICS ခေါင်းဆောင်များ၏ ၁၆ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့တွင် ရုရှားနိုင်ငံ ကာဇန်မြို့ သို့ ထွက်ခွာသွား ကြောင်း သိရပါတယ်။
ယခုခရီးစဉ်အတွင်း အီရန်သမ္မတသည် BRICS ထိပ်သီးအစည်းအဝေးတွင် “ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမျှတသော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို အားကောင်းစေရေး” နှင့် “အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကို တည်ဆောက်ခြင်း” ဆိုသည့် ခေါင်းစဥ် များနှင့် BRICS Plus ထိပ်သီး အစည်းအဝေးတွင် ဆွေးနွေး ရန် ဤအစည်းအဝေး ပွဲကို တက်ရောက်မည်ဖြစ်ပါတယ်။
.......................................................
END / 251