အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာ အရ ဟစ်ဇ်ဘွလ္လာဟ် လက်ဘနွန်က နယ်စပ်တွင် တစ်ပတ်ကြာ မြေပြင်တိုက်ပွဲများ အတွင်း ဇီယွန်ဝါဒီ စစ်သား ၇၀ ကို သုတ်သင်လိုက်ကြောင်း ကြေညာ ချက် တွင် ဖော်ပြထား ကြောင်း သိရပါ တယ်။
တစ်ဖက်တွင်မူ နယ်ချဲ့ ဇီယွန်ဝါဒီစစ်တပ်က မိမိ ၏တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ဗုဒ္ဓဟူးနေ့တွင် ဟစ်ဇ်ဘွလ္လာဟ် တပ်သားများ နှင့် တိုက်ပွဲများအတွင်း ဒဏ်ရာရရှိသူ ၃ ဦးရှိကြောင်း ဝန်ခံခဲ့ပါတယ်။ နယ်ချဲ့ အစ္စရေး ၏ မရိုးသားသည့် အချက်မှာ မိမိတို့ ကျသွား သည့် စစ်သားအရေအတွက် ဆုံးရှုံးသွားသည့် အရာများကို ကမ္ဘာ့ကို အသိမပေးခြင်း နှင့် သိအောင်ပြုပေးသည့် သတင်းထောက်များ အား ဖမ်းချုပ် အရေးယူ ခြင်း တို့ ဖြစ်ပါတယ်။
.......................................................
END / 251