၂၅ အောက်တိုဘာ ၂၀၂၄ - ၁၅:၅၈
ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် အတွက်  ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ဝမ်းနည်း သဝဏ်လွှာ

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီမှ ဟစ်ဇ်ဘွလ္လာဟ် ၏ အမှုဆောင်ကောင်စီ အကြီးအကဲ ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် အတွက် ဟစ်ဘွလ္လာဟ် အဖွဲ့အား ဝမ်းနည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ အစီရင်ခံစာ အရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီမှ ကြံ့ကြံ့ခံခုခံ တော်လှန်ရေးတပ်မှ ချစ်လှစွာသော လူငယ်များအား အမည် ဖြင့် ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် အတွက်  ပေးပို့သည့်  ဝမ်းနည်း သဝဏ်လွှာ တွင် ဟစ်ဇ်ဘွလ္လာဟ် ၏ အမှုဆောင်ကောင်စီ အကြီးအကဲ ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် ကို ချီးကျူးဂုဏ်ပြုရင်း ဟစ်ဘွလ္လာဟ် သည် ယနေ့ ၌ လည်း လက်ဘနွန်၏ အခိုင်မာဆုံး ခုခံ ကာကွယ်သူဖြစ်ပြီး ဇီယွန်ဝါဒီအစိုးရ၏ လက်ဘနွန်ကို ခွဲထွက်ရန် ကာလရှည်ကြာ ကြိုးပမ်းနေသည် နယ်ချဲ့ထွင်မှုကို ဆန့်ကျင်သည့် အပြင်းထန်ဆုံး အကာအရံဖြစ်ကြောင်း မိန့်ကြားထားပါတယ်။

ဆက်လက်ပြီး ရဲဟ်ဗရ် အင်န်ကေလာဗ်အစ္စလာမ်မီ မှ ဆယက်ဒ် မိုဂျာဟစ်ဒ် ရရှီးဒ် လည်းဖြစ် ဂျာန်စောရ် လည်း ဖြစ်သည့် ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် သည်ကြံ့ကြံ့ခံ ခုခံ တော်လှန်ရေး၏ အာဇာနည်များ တွင် ပါဝင်သွားပြီး ဖြစ်ကြောင်း သူသည် ဟစ်ဇ်ဘွလ္လာဟ် ၏ အထင်ရှားဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ပြီး ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ ကာလကြာရှည်သော မိတ်ဆွေ အပေါင်းအသင်း မှ တစ်ဦးလည်း ဖြစ်ကြောင်း မိန့်ကြားထားပါတယ်။

ထိုကဲ့သို့ ခေါင်းဆောင်များ၏ လိမ္မာပါးနပ်မှုနှင့် ရဲစွမ်းသတ္တိကြောင့် ဟစ်ဘွလ္လာဟ်  သည် လက်ဘနွန်ကို ကွဲပြဲခြင်း နှင့် ပြိုကွဲခြင်းမှ ကယ်တင်ခဲ့ပြီး တစ်ချိန်က ဘေရွတ်မြို့ကို လှည့်ပတ်ခဲ့သည့် စစ်တပ်၏ ရက်စက်ကြမ်း ကြုတ်သော ရက်စက်ကြမ်းကြုတ်သော အစိုးရ၏ ခြိမ်းခြောက်မှုများကို ဖယ်ရှားနိုင်ခဲ့ကြောင်း ရဲဟ်ဗရ် အင်န် ကေလာဗ်  အစ္စလာမ်မီ မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီမှ က အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် အမြဲကဲ့သို့ပင် ကွတ်ဒ်စ် မိုဂျာဟစ်ဒ်ီဒးန် နှင့် ပါလက်စတိုင်းအား ရာဇ၀တ်ဂိုဏ်း၏ သိမ်းပိုက်မှုကို တွန်းလှန်နေသောသူများကို အင်န်ရှာအလ္လာဟ် ဆက်လက် ထောက်ခံသွား မည်ဖြစ်ကြောင်း အဆိုပါသဝဏ်လွှာတွင် မိန့်ကြားခဲ့ပါတယ်။

အစ္စလာမ်မစ် တော်လှန်ရေးခေါင်းဆောင်က  ကျွန်တော်ရဲ့ ချစ်လှစွာသော ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် ၏ ရှဟာဒသ် ခံယူ သွားသည့် အတွက် ရှဟီးဒ် ၏  လေးစားရတဲ့ မိသားစု ဝင်များ ၊ ဆွေမျိုးများနှင့်  လုပ်ဖော်ကိုင်ဖက်များကို (ရှဟာဒသ် အတွက်) ဂုဏ်ပြုကြောင်းနှင့် (မိမိအကြားတွင် မရှိတော့သည့် အတွက် )  ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251