အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာ အရ ဇီယွန်စစ်တပ်၏ စစ်လေယာဉ်များသည် လက်ဘနွန်တောင်ပိုင်းရှိ သတင်း ထောက် များ၏ နေအိမ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း Maher သတင်းဌာနက Al-Jazeera အား ကိုးကား၍ ပြောကြားခဲ့ပါတယ်။
ဒေသတွင်း သတင်းရင်းမြစ်များ၏ အဆိုအရ လက်ဘနွန်တောင်ပိုင်း Hasbia ဒေသတွင် သတင်းထောက်များ တည်းခိုသည့် ဟိုတယ်ကို ဇီယွန်နစ် လေတပ်က တိုက်ခိုက်ခဲ့ရာ သတင်းထောက် များ သေဆုံးပြီး ဒဏ်ရာရရှိခဲ့ ကြောင်း သိရပါတယ်။
ဆေးရုံသတင်းရင်းမြစ်များက သတင်းထောက် ၃ ဦး သေဆုံးပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဒဏ်ရာရသူအချို့၏ အခြေအနေမှာ စိုးရိမ်ရသည်ဟု ဆိုပါတယ်။
ဒဏ်ရာရသူတွေထဲမှာ သတင်းထောက်တွေ၊ ကင်မရာသမားတွေနဲ့ သူတို့ရဲ့ လက်ထောက်တွေ ပါဝင်ကြောင်း သိရပါတယ်။
.......................................................
END / 251