၂၈ အောက်တိုဘာ ၂၀၂၄ - ၀၉:၂၉
အီရန် လုံခြုံရေးတပ်ဖွဲ့များ နှင့် အီရန် ပြည်သူများသည် ပြည်ပ အေးဂျင့်များ ၏ မကောင်းသော ရည်ရွယ်ချက်များ ကို ချေမှုန်းရန် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည် / ဗိုလ်ချုပ် စလာမ်မိ

နယ်စပ်မြို့ အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန် တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲ က အီရန်ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံခြားအေးဂျင့်များ၏ အကြံအစည်များကို ဉာဏ်ပညာရှိစွာ ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ အီရန် နိုင်ငံ ၏ စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ် နယ်စပ်မြို့ ဖြစ်သည့် သဖ်သာန် နှင့် ဗလူချီစတန် ရှိ အီရန်ရဲများအား အကြမ်းဖက်တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး အသက်ဆုံးရှုံး ခဲ့ကြောင်း သိရပါတယ်။

အီရန်ရဲချုပ် အဲဟ်မဒ် ရေဇာ ရာဒါန် ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိုင်းန် စလာမ်မီ က ကမ္ဘာလုံးဆိုင်ရာ အာဏာ ရှင် ၏ အေးဂျင့်ဖြစ်သည့် အကြမ်းဖက်သမားများသည် စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ်ဒေသရှိ သဖ်သာန် နယ်မြေရှိ ရဲတပ်ဖွဲ့ဝင်များကို သတ္တိနည်းစွာ တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲဌာနက အာဇာနည် မိသားစုဝင်တွေကို ဝမ်းနည်းကြောင်း ဗိုလ်ချုပ် ဟိုစိုင်းန် စလာမ်မီ ပြောကြား ခဲ့ပါတယ်။

သဖ်သာန် အကြမ်းဖက်တိုက်ခိုက်မှုသည် အီရန်အပေါ် ဇီယွန်ဝါဒီအစိုးရ ၏ အကြမ်းဖက်တိုက်ခိုက်မှုနှင့် အချိန် တူနေ ပြီး ယင်းသည် အီရန် မလိုလားသူများ နှင့် ဇီယွန်ဝါဒီရာဇ၀တ်သား များကြား ညှိနှိုင်း ဆောင်ရွက်မှု ရှိကြောင်း  ဗိုလ်ချုပ် မှ ဆက်လက် ပြောကြားခဲ့ပါတယ်။

အီရန် ဗိုလ်ချုပ် မှ ဆက်လက်ပြီး အမေရိကက ထို အကြမ်းဖက် သမားများ ကို  စပွန်ဆာပေးကြောင်း အီရန်ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို သမ္မာသတိနှင့် ရဲစွမ်းသတ္တိရှိရှိ အန္တရာယ်ဖြစ် စေမည့်  ယုတ်မာသော အကြံအစည်များကို တားဆီးပိတ်ပင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်များသည် နိုင်ငံခြား အေးဂျင့်များနှင့် ၎င်းတို့၏ အုပ်ထိန်းသူ များအပေါ် လူထု၏ ဒေါသကို ပိုမိုတိုးပွားစေမည်ဟု အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိုင်းန် စလာမ်မီ မှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251