အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
لِلْجَنَّةِ بَابٌ يُقَالُ لَهُ بَابُ اَلْمُجَاهِدِينَ يَمْضُونَ إِلَيْهِ فَإِذَا هُوَ مَفْتُوحٌ وَ هُمْ مُتَقَلِّدُونَ سُيُوفَهُمْ وَ اَلْجَمْعُ فِي اَلْمَوْقِفِ وَ اَلْمَلاَئِكَةُ تُرَحِّبُ بِهِمْ فَمَنْ تَرَكَ اَلْجِهَادَ أَلْبَسَهُ اَللَّهُ ذُلاًّ فِي نَفْسِهِ وَ فَقْراً فِي مَعِيشَتِهِ وَ مَحْقاً فِي دِينِهِ إِنَّ اَللَّهَ تَبَارَكَ وَ تَعَالَى أَعَزَّ أُمَّتِي بِسَنَابِكِ خَيْلِهَا وَ مَرَاكِزِ رِمَاحِهَا۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
«ဂျန္နသ်သူခဘုံ တွင် တံခါး တစ်ခု ရှိပါသည်။ ထိုတံခါး အား ဗါဗ်ဗိုလ် မိုဂျာဟစ်ဒ်ဒီးန် ဟုခေါ်ပါသည်။ မိုဂျာဟစ်ဒ်ဒီးန် (မဲဟ်ရှရ်နေ့တွင်) မိမိ တို့ ပခုံးပေါ်မှာ မိမိတို့၏ ဓားရှည်များကို လွယ် ၍ ဤတံခါးမှ ဝင်ရောက် ကြပါ မည်။ လူထုအနေဖြင့် (၎င်းတို့အားကြိုဆိုရန်) စုဝေးကြပါမည်။ ကောင်းကင်တမန်များ မှ ၎င်းတို့အား ကြိုဆို ကြောင်း ပြောကြားကြပါမည်။ ဂျေဟာဒ် ကို စွန့်လွှတ်သူတိုင်း (အနန္တတန်ခိုးရှင်) အလ္လာဟ်အရှင်မြတ်သည် ထိုသူအား အရှက်ကွဲခြင်းနှင့် ဆင်းရဲခြင်းတို့ကို ခံစားစေကာ ၎င်း၏ ဒီးန် (ခ) ဘာသာတရားသည် ကွယ်ပျောက် သွားလိမ့် မည်ဖြစ်ပါသည်။ ဧကန်စင်စစ် အလ္လာဟ်ဟို အရှင်မြတ်သည် ရန်သူအား မြင်းစီး၍ လှံများဖြင့် ပစ်ပေါက်ခြင်းဖြင့် ကျွန်ုပ်၏ အွန်မသ် (နောက်လိုက်နောက်သားများ) အား ဂုဏ်အသရေ ဘုန်းအသရေ ပေးသနား တော်မူပေ သည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၉၇ ၊ စာမျက်နှာ ၈
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် မိုဂျာဟစ်ဒ်ဒီးန် ၏ အဆင့် အတန်းကို သိရှိရမည် ဖြစ်ပါတယ်။ ပြီးနောက် ကိုယ်တော်မြတ် (ဆွ) မှ ဧကန်စင်စစ် အလ္လာဟ်ဟို အရှင်မြတ်သည် ရန်သူအား မြင်းစီး၍ လှံများဖြင့် ပစ်ပေါက်ခြင်းဖြင့် ကျွန်ုပ်၏ အွန်မသ် (နောက်လိုက်နောက်သားများ) အား ဂုဏ်အသရေ ဘုန်းအသရေ ပေးသနား တော်မူပေ သည်။ဟု မိန့်တော်မူထားသည့် အတွက် ကိုယ်တော်မြတ် (ဆွ) ခေတ်က မြင်း ဖြစ်၍ ယနေ့ ခေတ်တွင် အစီးအနင်း မျိုးစုံ ဖြစ်ပြီး ကိုယ်တော်မြတ် (ဆွ) ခေတ်က လှံသည် ယနေ့ ခေတ်၏ လက်နက် အစုံ ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ယနေ့ အစ္စလာမ့်ရန်သူ အစ္စရေး နှင့် အပေါင်း အဖော် များ ကို ရင်ဆိုင်တော် လှန်နေသည့် ပါလက်စတိုင်း ၊ လက်ဘနွန် ၊ ယီမင် ၊ အီရတ် ၊ အီရန် မို ဂျာဟစ်ဒ်ဒီးန် တို့သည် ကိုယ်တော်မြတ် (ဆွ) ၏ အွန်မသ် (နောက်လိုက်နောက်သားများ ) အတွက် ဂုဏ်သရေ နှင့် ဘုန်း အရေ ကို ဖြစ်စေသူများ ဖြစ်ကြပါတယ်။ ဤ အတွက်ကြောင့် မိမိတို့ အနေဖြင့် ဤ မိုဂျာဟစ်ဒ်ဒီးန် များ ကဲ့သို့ အစ္စလာမ့် ရန်သူကို ၎င်းတို့ပမာ မတော်လှန် နိုင်လျင် အလ္လာဟ် နှစ်မြို့ရန် အတွက် အနည်းဆုံး၎င်းတို့အတွက် ဒိုအာများ ပြုပေးခြင်း ၎င်းတို့ နှင့်ပတ်သက်နေသည့် အကြောင်း အရာများပါသည့် ပို့စ်များ သတင်းများစသည်တို့ကို ရှယ်ပေးခြင်း အားပေးခြင်း ဖြင့် တစ်နိုင်တစ်ပိုင် ခေသ်မသ် ပြုသင့်ပေသည်။ တရားဟော ဆရာ၊ဆရာမများ အနေဖြင့်လည်း မိမိတို့၏ တရားများတွင် ဤ မိုဂျာဟစ်ဒ်ဒီးန် အကြောင်း ၎င်းတို့သည် အကြမ်းဖက် သမားများ မဟုတ်ကြဘဲ မဇ်လူးမ်များ ဘက်မှ ရပ်တည်ပေးကြသူများ ဖြစ်ကြကြောင်း စသည် ဖြင့် မိမိဘာသာဝင်များ နှင့် အခြား ဘာသာခြားများ နားလည်အောင် ရှင်းပြ ဟောပြသင့် ပေသည်။ တရားဟောခိုင်းသူများ နှင့် တရားနာသူများ အနေဖြင့် လည်း ဤ မိုဂျာဟစ်ဒ်ဒီးန် အကြောင်း ထည့်ဟောပေးဖို့ မေတ္တာ ရပ်ခံ သင့်ပေသည်။
****************************************************************
END / 251