၂ နိုဝင်ဘာ ၂၀၂၄ - ၀၈:၁၄
ဂါဇာရှိ ကမာလ်အဒ်ဝါန် ဆေးရုံကို ဇီယွန်ဝါဒီ အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်

ဂါဇာအလယ်ပိုင်းရှိ ဇီယွန်ဝါဒီ အကြမ်းဖက်သမားများ၏ ဗုံးကြဲတိုက်ခိုက်မှုတွင် ပါလက်စတိုင်းအရပ်သား ၁၆ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏အစီရင်ခံစာ အရ ဇီယွန်ဝါဒီ အကြမ်းဖက်သမားများက နူဆီရသ် စခန်းကို တစ်ကြိမ် ထပ်မံ ဗုံးကြဲခဲ့ပြီး ပါလက်စတိုင်း ၁၆ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ် များက ဆိုပါတယ်။

ရရှိလာသော အစီရင်ခံစာအရ ဇီယွန်ဝါဒီ အကြမ်းဖက်သမားများသည် ဂါဇာကမ်းမြှောင်၏ နေရာအနှံ့အပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဇီယွန်နစ်အဖွဲ့သည် ဂျဗာလီယာ စခန်းရှိ အလ်ဇေဇလဟ် ဟုခေါ်သော ကလပ်တစ်ခု အနီးတွင် လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။  ထို့အပြင် ဇီယွန်ဝါဒီ အကြမ်းဖက် သမားများ၏ အမြောက်များ ဖြင့် ဂါဇာတောင်ပိုင်းရှိ အလ်ဆွဗရဟ် ရပ်ကွက်ကို ပစ်ခတ်ခဲ့ပါတယ်။

ဇီယွန်ဝါဒီ အကြမ်းဖက်သမားများသည် ဂါဇာမြောက်ပိုင်းရှိ ကမာလ်အဒ်ဝါန် ဆေးရုံကို ထပ်မံဗုံးကြဲတိုက်ခိုက် ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဇီယွန်စစ်လေယာဉ်တွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေနဲ့ ပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဂါဇာမှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Al-Mayadeen TV ရုပ်သံလိုင်း၏ အစီရင်ခံစာအရ ဇီယွန်ဝါဒီ အကြမ်းဖက်သမားများသည် လွန်ခဲ့သည့် ငါးရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပေးပို့သော ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များနှင့် စက်ပစ္စည်းကိရိယာများ သိုလှောင်ထားသည့် ဂိုဒေါင်တစ်ခုရှိရာ ကမာလ်အဒ်ဝါန် ဆေးရုံအပေါ်ထပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

ကမာလ်အဒ်ဝါန် ဆေးရုံမှ ဒါရိုက်တာ ဒေါက်တာ အဘူဆဖီယဟ် က ပါလက်စတိုင်း လူမျိုးတုံး သတ်ဖြတ်မှုတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ နှုတ်ဆိတ်နေခြင်းကို ဝေဖန်ခဲ့ပြီး ဂါဇာ မြောက်ပိုင်း ဘိုက်သိုလာဟီယာ ဒေသတွင် ဒဏ်ရာရသူအများစုမှာ ဆေးဘက်ဆိုင်ရာ ချို့တဲ့မှု ကြောင့် အသက် ဆုံးရှုံး နိုင်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

 

ထိုအတောအတွင်း ဂါဇာကမ်းမြှောင်ရှိ အလ်ဆဖ်သွာဝီ အနောက်မြောက်ပိုင်းဒေသတွင် ပါလက်စတိုင်း လူငယ်များ နှင့် ဇီယွန်ဝါဒီ အကြမ်းဖက်သမားများအကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်း များ ထွက်ပေါ်လျက်ရှိပါတယ်။

.........................................................................

END / 251