၂ နိုဝင်ဘာ ၂၀၂၄ - ၀၈:၂၁
Haredi ဂျူးများက နေတန်ယာဟုကို ဆန့်ကျင်ဆန္ဒပြ

ဇီယွန်ဝါဒီ အစိုးရ ရဲတပ်ဖွဲ့သည် တဲလ်အဗစ်မြို့ရှိ Haredi ဂိုဏ်းခွဲ ဆန္ဒပြသူများကို ဝင်ရောက်စီးနင်းခဲ့ပြီး အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News နှင့် ပါလက်စတိုင်း သတင်းရင်းမြစ် များ ၏ အစီရင်ခံစာ အရ တဲလ်အဗစ်မြို့ တွင် ဘာသာရေး ထုံးတမ်းစဉ်လာဟု လူသိများသော Haredi ဂျူးဂိုဏ်း၏ နောက်လိုက်များသည် နေတန်ယာဟု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ဆန္ဒပြသူများသည် ဇီယွန်ဝါဒီစစ်တပ်တွင် လေ့ကျင့်မှုခံ ယူခြင်း (စစ်ဲထဲဝင်ရခြင်း) ကို ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပါတယ်။

Haredi ဂျူးဂိုဏ်းဆန္ဒပြသူများသည် အသေခံမည် စစ်ရေးလေ့ကျင့်မှုမပြုနိုင်ဆိုသည့် ကြွေးကြော်သံများ ကြွေးကြော်နေကြ ခဲ့ကြပါတယ်။ ဇီယွန်ဝါဒီရဲတွေက ဆန္ဒပြသူတွေကို အင်အားသုံးပြီး လူစုခွဲဖို့ ကြိုးစားတဲ့အခါ ဆန္ဒပြမှုတွေ ပြင်းထန်လာပါတယ်။

ဆန္ဒပြသူများသည် ရဲများကို ၎င်းတို့၏ မလျော်ကန်သော အစွန်းရောက် အပြုအမူကြောင့် “နာဇီများ” ဟုခေါ် ဆိုခဲ့ကြပါတယ်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ အများ အပြား ဖမ်းဆီးခံခဲ့ရပါတယ်။

ဇီယွန်ဝါဒီစစ်တပ်သည် မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်နိမိတ်တွင် ခုခံတိုက်ပွဲများကြောင့် စစ်သားများ ပြတ်လပ် မှုနှင့် ရင်ဆိုင်နေရသည်ကို သတိပြုသင့်ပါတယ်။ လက်ရှိတွင် အစ္စရေးတွင် နေထိုင်သော Haredi ဂိုဏ်း၏ နောက်လိုက်  ဂျူး (ရဟူဒီ) တစ်သန်းကျော်ရှိကြောင်း သိရပါတယ်။

.........................................................................

END / 251