၂ နိုဝင်ဘာ ၂၀၂၄ - ၀၉:၄၀
အီရတ်အစိုးရထံ နဂျဖ်ဖေအရှ်ရဖ် ၏သောကြာ နမာဇ် ရှေ့ဆောင် ဆရာတော် မှ  အလေးအနက် တောင်းဆိုချက်

ပြီးခဲ့သောစနေနေ့က အီရန်ကို ကျူးကျော်ရန် အစ္စရေးလေယာဉ်များက အီရတ်လေပိုင်နက်ကို ချိုး ဖောက် မှု အား နဂျဖ်ဖေအရှ်ရဖ် ၏သောကြာ နမာဇ် ရှေ့ဆောင် ဆရာတော် မှ ရှုတ်ချခဲ့ပြီး အပြစ်ရှိသော ပါတီကို အပြစ်ပေးရန် အီရတ်အစိုးရအား အလေးအနက် တောင်းဆိုခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နဂျဖ်ဖေအရှ်ရဖ် ၏သောကြာ နမာဇ် ရှေ့ဆောင် ဆရာ တော် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဆဒရိုဒ်ဒီးန် ကဘာန်ဂျီ  မှ အအ်ဇန်းမ် မေ ဖွာတွေမဟ် အေမာမ်ဘာရာ တွင် ပြုလုပ်သည့် သောကြာနမာဇ် ၏ခွသ်ဗဟ် တွင် အီရတ်နှင့် ကမ္ဘာ့အခြေအနေများနှင့် ပတ်သက်သည့် အရေးကြီးသော ကိစ္စရပ် များကို ပြောကြားခဲ့ပြီး ပြီးခဲ့သည့်စနေနေ့က အီရန်ကို ကျူးကျော်ရန် အစ္စရေးလေယာဉ်များက အီရတ် လေပိုင်နက်ကို ချိုးဖောက်မှုအား ရှုတ်ချခဲ့ပြီး အပြစ်ရှိသော ပါတီကို အပြစ်ပေးရန် အီရတ်အစိုးရထံ အလေး အနက်  တောင်းဆိုခဲ့ပါတယ်။

ဆက်လက်ပြီး တစ်ဖက်တွင်၊ UNRWA (နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့) အား ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်ချက်ကို ရှုတ်ချခြင်းဖြင့် အစ္စရေးသည် နိုင်ငံတကာ ဆုံးဖြတ်ချက်အားလုံးကို ချိုးဖောက်သည့် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများအား အကူအညီများ ပေးအပ်ခြင်းမပြုရန်  ကိစ္စ ကို မောက်မာစွာ တားမြစ် ထားကြောင်း အလေးအနက် ထား ဟောကြားခဲ့ပါတယ်။

နဂျဖ်ဖေအရှ်ရဖ် ၏သောကြာ နမာဇ် ရှေ့ဆောင် ဆရာ တော် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဆဒရိုဒ်ဒီးန် ကဘာန်ဂျီ  မှ နိုင်ငံတကာ ဥပဒေများကို လျစ်လျူရှုသော ဤလူမဆန်သော ဆုံးဖြတ်ချက် ကို ကျွန်ုပ်တို့ ရှုတ်ချပါ ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဆဒရိုဒ်ဒီးန် ကဘာန်ဂျီ  မှ ဒုတိယ ခွသ်ဗဟ် တွင် H.I ရှိက်ခ် နအီးမ် ကာစင်မ်   အား လက်ဘနွန်ရှိ  ဟစ်ဘွလ္လာဟ် ၏ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရခြင်းကို ဂုဏ်ပြုကြောင်း  သူတော်စင် တစ်ပါးနောက် ၊နောက်သူတော် စင်တစ်ပါး တက်လာခြင်း ဖြစ်ကြောင်း  ဟစ်ဘွလ္လာဟ် အလံမပြုတ်ကျဘဲ လက်ဘနွန် ပြည်သူများ နှင့် ဟစ်ဘွလ္လာဟ် သည် ရပ်ရပ်ခံ ရပ်တည်နေမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ရန်လိုသူ၏ ယုံကြည်စိတ်ချရမှုကို သံသယရှိသော်လည်း မြင့်မားသောအဆင့်သို့ ရောက်ရှိခဲ့ကြောင်း ထောက်ပြကာ ဂါဇာနှင့် လက်ဘနွန်နိုင်ငံ ပြန်လည်တည်ဆောက်ရေးတွင် အစ္စရေးနှင့် အမေရိကန်တို့ မှာ တာဝန်ရှိကြောင်း အစ္စရေးနှင့် အမေရိကန်တို့ မှ ဂါဇာနှင့် လက်ဘနွန်ရှိ အာဇာနည် ၄၅၀၀၀ အတွက် (တရားတော်အရ ဒဏ်ကြေး) လျော်ကြေးပေးရန် ပါလက်စတိုင်း အကျဉ်းသားအားလုံးကို လွှတ်ပေးရန်  ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟားမတ်စ်နှင့် ဟစ်ဘွလ္လာဟ် တို့ကို ပိုမို၍ ကြံ့ခံ  စိတ်ရှည်ရန် ဣျင့် သည်းခံ ရန် လည်း နဂျဖ်ဖေအရှ်ရဖ် ၏သောကြာ နမာဇ် ရှေ့ဆောင် ဆရာတော် မှ  တောင်းဆိုခဲ့ပါတယ်။

နောက်ဆုံးတွင် နဂျဖ်ဖေအရှ်ရဖ် ၏သောကြာ နမာဇ် ရှေ့ဆောင် ဆရာ တော် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဆဒရိုဒ်ဒီးန် ကဘာန်ဂျီ  မှ အီမာန် ယုံကြည်သူများအတွက် ဒိုအာ ပြုပေးခြင်း (ဆုတောင်းပေးခြင်း ) ၏ အရေးပါမှုကို အလေးပေးဖော်ပြပြီး တမန်တော်မြတ် (ဆွ) ၏ ဟဒီးစ်တော် တစ်ပါးကို တင်ပြ ခဲ့ပါတယ်။

.........................................................................

END / 251