၄ နိုဝင်ဘာ ၂၀၂၄ - ၀၉:၄၁
ဒေါ်လာကို အစားထိုးရန် ဘေးကင်းလုံခြုံသော အခြားငွေကြေးစနစ်တစ်ခု ဖော်ဆောင်နေ

BRICS အဖွဲ့ဝင်နိုင်ငံများသည် ဒေါ်လာကို အစားထိုးရန် ဘေးကင်းသော အခြားငွေကြေးစနစ်တစ်ခုကို တီထွင် နေကြပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ဗ် က နိုင်ငံတကာ BRICS TV နှင့် စကားပြောဆိုရာတွင် ရုရှားနိုင်ငံ ကာဇာန် တွင် BRICS အစည်းအဝေးနှင့်အတူ ရုရှားဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် ဗဟိုဘဏ်တို့ တွေ့ဆုံရာတွင်လည်း ငွေပေးချေမှုမှ ဒေါ်လာကို ဖယ်ရှားရေးနှင့် လုံခြုံမှုရှိစေရန် ဆွေးနွေးခဲ့ကြောင်း ငွေကြေးစနစ်အား ပြန်လည်သုံး သပ်ခဲ့ကြောင်း သိရပါတယ်။

စီမံကိန်းကို ရေးဆွဲထားပြီးဖြစ်သော်လည်း အပြီးသတ်နိုင်ခြင်း မရှိသေးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါ တယ်။ဆက်လက်ပြီး ဤမူကြမ်းသည် ယုံကြည်စိတ်ချရသော၊ ရေရှည်တည်တံ့ပြီး ရေရှည် ဘဏ္ဍာရေး စနစ်ဆီသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

BRICS ၏ နောက်တက်မည့် ဥက္ကဋ္ဌ ဘရာဇီး သမ္မတ သည်စီမံကိန်းကို ဆက်လက်လုပ် ဆောင်လိမ့် မည်ဟုယုံကြည် ကြောင်း ဆာဂေး လက်ဘရော့ဗ် ကပြောကြားခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးတွင် အမေရိကန် ဒေါ်လာကို လက်နက်အဖြစ် အသုံးပြုနေခြင်းကြောင့် စီးပွားရေးကို ကာကွယ်ရန် နှင့် ကမ္ဘာ့စီးပွားရေးကို ထိန်းထားနိုင်စေရန် အမေရိကန်၏ လုပ်ဆောင်ချက်များမှ ကာကွယ်ရန် အခြား ငွေကြေးစနစ်တစ်ခု လိုအပ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

.......................................................

END / 251