အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ သန်ဇီးမိုလ်မကာသစ်ဗ်လက်ခနောင်း ၏ ဒုတိယ ဥက္ကဋ္ဌ နှင့် အေမာမ် မီယဟ်ဟော ၏ အေမာမ် ဂျူမ်အအ် နှင့် ဂျမာအသ် ဖြစ်သူ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ရှိက်ခ် မွမ်သာဇ် အလီ သည် နှလုံးရောဂါဖြင့် အလ္လာဟ့် အမိန့်ခံယူသွားကြောင်း သိရပါတယ်။
မရ်ဟွန်မ် ရှိက်ခ် မွမ်သာဇ် အလီ သည် ထူးချွန်သော ပညာရှင် တစ်ပါး ၊ တရားဟောဆရာ ၊ ဝီရိယရှိသူ၊ အကျင့် စာရိတ္တ ကောင်းမွန်သည့် အီမာန် ရှင် တစ်ဦး ဖြစ်ပါတယ်။
အမှန်တကယ်တော့ မရ်ဟွန်မ် ရှိက်ခ် မွမ်သာဇ် အလီ ဤ လောက မှ ထွက်ခွာသွားတာဟာ အိန္ဒိယ နိုင်ငံ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ။ မရ်ဟွန်မ် ရှိက်ခ် မွမ်သာဇ် အလီ ဟာ ကိုယ်ရည်ကိုယ်သွေးကောင်းပြီး မြင့်မြတ် သော အသိပညာ နှင့် အလင်းတန်းတစ်ခု ဖြစ်၍ လူတိုင်းကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မရ်ဟွန်မ် ရှိက်ခ် မွမ်သာဇ် အလီ မိမိ၏ ပညာ နှင့် သက္က်ဝါ ကြောင့် သာသနာ့ပညာရှင်များ ကော် မိုအ်မင်များကော် ချစ်ခင် နှစ်သက်ကြ ပါ တယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ရှိက်ခ် မွမ်သာဇ် အလီ သည် အသိပညာမြှင့်တင်ရေးနှင့် အစ္စလာမ့် သွန်သင်ချက်များကို မြှင့်တင်ရေးအတွက် အမြဲလုပ်ဆောင်ခဲ့ပြီး သူ၏ တရားပွဲများ သည် ပညာ နက်နဲမှု နှင့် ထိုးထွင်းသိမြင်မှုဖြင့် တန်ဆာဆင်ထားခြင်း ဖြစ်ပါတယ်။
သာသနာ့ ကျောင်းသားများကို အမြဲအားပေးခဲ့တယ်။ အခုလို ဝမ်းနည်းကြေကွဲရတဲ့ အခါသမယမှာ ကျန်ရစ်သူ ဆွေမျိုးသားချင်း အားလုံးကို အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားလိုက်ပါတယ်။
မရ်ဟွန် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ရှိက်ခ် မွမ်သာဇ် အလီ သန်ဇီးမိုလ် မကာသစ်ဗ် လက်ခနောင်း ၏ ဒုတိယ ဥက္ကဋ္ဌ နှင့် အေမာမ်မီယဟ်ဟော ၏ အေမာမ် ဂျူမ်အအ် နှင့် ဂျမာအသ် တာဝန်ကို ထမ်းဆောင် နေသူလည်း ဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ် သည် မရ်ဟွန် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ရှိက်ခ် မွမ်သာဇ် အလီ ၏ အပြစ်ကြီး၊ငယ်များအား ခွင့်လွတ်ပေးတော်မူပြီး ဂျန္နသ်သိုလ်ဖေရ်ဒုစ် တွင် နေရာတစ်ခု ပေးသနားတော်မူပါစေ။
.......................................................
END / 251