အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ သတင်း အထောက်အထားများ အရ အသေးစိတ်အချက်အလက်များအရ အီရန်နိုင်ငံရှိ ပုဂ္ဂလိက ဗဟုသုတအခြေခံကုမ္ပဏီ အွန်မီဒ် ဖေဇာ မှ သုတေသီများသည် ၎င်းတို့၏ ဂြိုလ်တုနှစ်ခုဖြစ်သည့် "ဟွတ်ဒ်ဟွတ်ဒ်" နှင့် "ကောင်စဲရ်" ကို ရုရှားဒုံးကျည်ဖြင့် အာကာသထဲသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရပါတယ်။
ယင်းဂြိုဟ်တုများသည် အီရန်နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍမှ အာကာသသို့ စေလွှတ်မည့် ပထမဆုံးသော ဂြိုဟ်တုများ ဖြစ်ပါတယ်။
၎င်းတို့၏ ဂြိုလ်တုများကို ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၅၀၀ အကွာတွင် ပတ်လမ်းထဲသို့ ချထားပြီးနောက် အီရန်မှ သုတေသီများနှင့် သိပ္ပံပညာရှင်များသည် "ဟွတ်ဒ်ဟွတ်ဒ်" နှင့် "ကောင်စဲရ်" ဂြိုလ်တုနှစ်ခုစလုံးသည် ၎င်းတို့၏ အချက်ပြမှုများကို အာကာသမှ ကမ္ဘာသို့ အောင်မြင်စွာ ပေးပို့နိုင်သောအခါတွင် ဒုတိယမြောက် အောင်မြင်မှု ရရှိခဲ့ပါတယ်။
ဂြိုလ်တုကို တီထွင်သည့် ကုမ္ပဏီ အွန်မီဒ် ဖေဇာ ၏ CEO ဖြစ်သူ ဟိုစိုင်းန် ရှဟ်ရာဘီ မှ ပထမဆုံး "ဟွတ်ဒ်ဟွတ်ဒ်" ဂြိုလ်တုမှ အချက်ပြမှုကို အောင်မြင်စွာ လက်ခံရရှိကြောင်း သတင်းကို ကြေညာခဲ့ ပါတယ်။
ပြီးတော့ သူက"ကောင်စဲရ်" ရဲ့ အောင်မြင်တဲ့ လည်ပတ်မှုကိုလည်း ပြောပြပြီး "ကောင်စဲရ်" ဟာ "ဟွတ်ဒ် ဟွတ်ဒ်" လို အချက်ပြမှုတွေ ပေးပို့ရာမှာ အောင်မြင်တယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ် ကာဇင်းမ် ဂျလာလီ က ၎င်း၏ x-post တစ်ခုတွင် ဤအောင်မြင်မှုကို တင်ပြခဲ့ပါတယ်။
.......................................................
END / 251