၇ နိုဝင်ဘာ ၂၀၂၄ - ၁၈:၄၁
ဟစ်ဘွလ္လာဟ် မှ  အစ္စရေးစစ်သားများ၏ ပင်မ စင်တာ အား ဒုံးကျည် တိုက်ခိုက် +  ဗီဒီယိုများ

ဟစ်ဘွလ္လာဟ် အနေဖြင့် အဗီမ်မြို့လယ်ရှိ ဇီယွန်ဝါဒီ သိမ်းပိုက်ရေးတပ်အား တိုက်ခိုက်မှုအသစ်ကြောင့် မီးလောင် ကျွမ်း ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟစ်ဘွလ္လာဟ် ၏ တိုက်ခိုက်ရေး ထောက်လှမ်းရေးဌာနမှ ထုတ်ပြန်ချက်တွင် Al-Nashrah အား ကိုးကား၍ Maher သတင်းဌာနက ဖော်ပြထားပါတယ်။ ဂါဇာတွင် ကြံ့ကြံ့ခံ ပါလက်စတိုင်းလူမျိုးများ ၊ ကြံ့ကြံ့ခံခုခံရေး သမားများ နှင့် အတူရပ်တည်ရန် ၊လက်ဘနွန် လူမျိုးများကို ခုခံကာကွယ်ရာရန်  မိုဂျာဟစ်ဒ်ဒီးန်  မှ နယ်ချဲ့ အစ္စရေး သိမ်းပိုက်ထားသော ဂိုလန်ရှိ YAF အခြေစိုက်စခန်းအား ကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့ကြပါတယ်။

ဇီယွန်အစိုးရ၏ မီဒီယာများသည် အထက်ပိုင်း Al-Jalil ရှိ Avim ဒေသရှိ ဇီယွန်စစ်တပ်၏ အဓိက အခြေစိုက် စခန်းအား ဒါဇင်နှင့် ချီသော ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရကြောင်း အတည်ပြုထားသည့် တည်နေရာ ဓာတ်ပုံများ ကို ထုတ်ပြန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဇီယွန်ဝါဒီစစ်သား လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဟီဘရူးသတင်းရင်းမြစ်တွေက ပြောပါတယ်။ အနောက် Al-Jalil ရှိ Jurin မြို့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ဇီယွန်ဝါဒီ အစိုးရ မီဒီယာများ၏ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

Manot၊ Aylon၊ Ghorin၊ Navi Zev နှင့် သိမ်းပိုက်ထားသော ပါလက်စတိုင်းမြောက်ပိုင်းရှိ အခြား အခြေချ နေထိုင်ရာနေရာများ တွင် အချက်ပေးဥသြသံများ ထွက်ပေါ်ခဲ့ပါတယ်။

ထို့အပြင် တဲလ်အဗစ် နှင့် ၎င်း၏ဆင်ခြေဖုံးများတွင် ပေါက်ကွဲသံများ ကြားနေရပါတယ်။

.......................................................

END / 251