အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
sistani.org ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အမျိုးသမီးငယ် များ နိုင်လွန်ခြေအိတ်များ ဝတ်ဆင်ခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ တယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
အမျိုးသမီးငယ်တစ်ဦးသည် မိမိ၏ ခြေချောင်းများကို ထင်ရှားစွာမြင်စေသည့် နိုင်လွန်ခြေအိတ်များ ဝတ်ဆင်ရန် ခွင့် ရှိပါသလား?
အဖြေ
ဤကဲ့သို့သော ခြေအိတ်များကို ဝတ်ဆင်ရာတွင် ပြဿနာ မရှိချေ။ သို့သော် လှပရန် အတွက် ဝတ်ဆင်ခြင်း မျိုးဆိုလျင် နာမဲဟ်ရမ် များ မမြင်အောင် ဝတ်ရမည် ဖြစ်ပါတယ်။
အကြံပြုချက် - အထူးသတိပြုသင့်ပါတယ်။ အမျိုးသမီးများ အနေဖြင့် မိမိခြေ ထောက်များအား နာမဲဟ်ရမ်များ မမြင်အောင် ဖုံးကွယ်ရမည် ဖြစ်ပါတယ်။ ထိုအတွက်ကြောင့် ဘာသာရေး သင်တန်းများ မဂျ်လစ်များ စသည် အစီအစဥ်များတွင် တက်ရောက်လာသည့် မိုအ်မေနသ်များ ၏ ခြေစွပ် မဝတ်ထားသည် ခြေများကို မြင်နေသည့် ဓာတ်ပုံများ ကို ဖေ့စ်ဘုတ် ပေါ် တင်ခြင်း စသည်တို့ကို ရှောင်ကြဥ် ရန် အရေးကြီးပါတယ်။ ထိုပြင် နမာဇ် ဇေ ဂျမာအသ်များ တွင် မဂျ်လစ်များတွင် စသည်ဖြင့် လူအများကြား ဝင်ရောက်သည့် အခါ မိုအ်မေနာ အမျိုးသမီးများ အနေဖြင့် ခြေအိတ်ဝတ်ထား၍ ၎င်း မိမိခြေထောက်များကို မမြင်ရသည့် အထိ ထမီများ စသည် ဖြင့် ဖုံးကွယ်ခြင်း ဖြင့်တစ်မျိုး အလ္လာဟ့် နှစ်မြို့ မှု အတွက် ပြုသင့်ပါကြောင်း လေးစားစွာ တင်ပြ အပ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251