အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အစီရင်ခံစာ အရ ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် အဖွဲ့ ၏ အကြီးအကဲ ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်တို့ကို မကြာသေးမီက ဇီယွန်ဝါဒီအစိုးရ၏ စစ်ရေးအရ ရန်စမှုများ အကြောင်း ပြောကြားရင်း ဇီယွန်ဝါဒီအစိုးရသည် ယခုသီတင်းပတ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှု အကြိမ် ၃၀ ကျော် လုပ်ဆောင်ခဲ့ရာ ပါလက်စတိုင်း ၁၃၀၀ခန့် ရှဟီးဒ် နှင့် ဒဏ်ရာရခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းကို ဇီယွန်ဝါဒီအစိုးရရဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်လာချိန်မှာ ပါလက်စတိုင်း ၂၀၀၀ ကျော် သေဆုံးပြီး ၄၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ခန့်မှန်းချက်တွေက ဖော်ပြပါတယ်။
ဇီယွန်ဝါဒီများသည် ဂါဇာကမ်းမြှောင်၏ မြောက်ဘက်သို့ ရိက္ခာနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ဝင်လာခြင်းကို ပိတ်ဆို့ထားပြီး ထိုနေရာကို မီးရှို့ခဲ့ကြပါတယ်။
ဇီယွန်ဝါဒီရန်သူသည် မိမိ ၏ရည်မှန်းချက်များကို မအောင်မြင်နိုင်သောကြောင့် စစ်ရေးစစ်ပွဲ ကျရှုံးခြင်းကြောင့် စိတ်ပျက်နေကြောင်း ဤအကြောင်းကြောင့် အပြစ်မဲ့ အရပ်သားများကို သတ်ဖြတ်နေခြင်း ဖြစ်ကြောင်း ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251