၁၂ နိုဝင်ဘာ ၂၀၂၄ - ၁၇:၄၂
မိန်းမ၀တ်ထဘီစကပ်မှာ အလ္လာဟ့် ဂုဏ်​တော်  ရေးထားသည့် အထည့် ရန်ကုန် ​စျေးကွက်ထဲ​ရောက်ရှိ

မိန်းမ၀တ်ထဘီစကပ်မှာ အလ္လာဟ်ဟို အရှင်မြတ်၏ ဂုဏ်တော်များကို ဒီဇိုင်းပုံဖော်ဆေးရိုက်ထားသည့် အဝတ် အထည်အချို့ စျေးကွက်အတွင်း ဝင်ရောက်နေကြောင်း မိတ်ဆွေတစ်ဦးမှ သတင်းပေးပို့လာ သည်ဟု ရောင်နက် ဗလီ ရှေ့ဆောင် ဆရာ မုဖ်သီ အလီ မှ ဆိုထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မိန်းမ၀တ်ထဘီစကပ်မှာ အလ္လာဟ်ဟို အရှင်မြတ်၏ ဂုဏ်တော်များကို ဒီဇိုင်းပုံဖော်ဆေးရိုက်ထားသည့် အဝတ် အထည်အချို့ စျေးကွက်အတွင်း ဝင်ရောက်နေကြောင်း မိတ်ဆွေတစ်ဦးမှ သတင်းပေးပို့လာ သည်ဟု ရောင်နက် ဗလီ ရှေ့ဆောင် ဆရာ မုဖ်သီ အလီ မှ ဆိုထားပါတယ်။

ယခုပုံပါအဝတ်အထည်ကို  ရန်ကုန် ရွှေပြည်သာဘက်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာဝင် အမျိုးသမီးများအနေဖြင့် အဝတ်အထည်များကို ဝယ်ယူဝတ်ဆင်ရာ၌ အထူး သတိထားဆင်ခြင်ကြပါရန်နှင့် ထိုသို့သော အဝတ်အထည်များကို စျေးကွက်အတွင်းတွေ့ရှိရပါက နီးစပ်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးများထံ အသိပေးအကြောင်းကြား၍ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန်  ရောင်နက် ဗလီ ရှေ့ဆောင် ဆရာ မုဖ်သီ အလီ မှ လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

.......................................................

END / 251