၁၅ နိုဝင်ဘာ ၂၀၂၄ - ၀၇:၄၅
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) သည် ယနေ့ထိ သက်ရှိထင်ရှားရှိနေဆဲဖြစ်ပြီး ကိုယ်တော် ၏ အမိန့်တော် များ ဖြစ်သည့် နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ကို နေ့စဉ်ဖတ်ရှုပါတယ် / အာယာသွလ္လာဟ် ဂျဝါဒ်ဒီ အာမိုလီ

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ မှ အလ္လာဟ် ဟို အရှင်မြတ် ကို သိရှိလိုက်သူသည် မအ်ရေဖ် ရရှိသွားမည် ဖြစ်သွားကြောင်း မအ်ရေဖသ် ရရှိသွားသူသည် မိမိကိုယ်ကို လည်း သိရှိသွားမည် ဖြစ် ကြောင်း မည်သူမဆို မိမိကိုယ်ကို မသိရှိလျင် အလ္လာဟ် ဟို အရှင်မြတ် ၏ မအ်ရေဖသ် လည်း ရှိမည် မဟုတ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏အစီရင်ခံစာ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ မှ ကွမ်းမြို့ မတ်စ်ဂျစ်ဒ် ‌ဒေ အအ်ဇန်းမ် တွင် သင်ကြား ပို့ချပေးနေသည့် စာရိတ္တ  အတန်း ကို နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း အကျယ်ဖွင့်ဆို ခြင်း ဖြင့် သီးသန့် ပြုလုပ်ပြီး မိန့်တော် မူသည် မှာ - အကယ်၍ ကျွန်ုပ် တို့ အနေဖြင့် "ကာဖီ " ကျမ်း ၏အကြောင်းအရာများကို သုံးသပ်ကြည့်လျှင် အပြစ်မဲ့ မအ်စူမ်မီးန် (အ.စ) သည် မိမိ ၏ သာဝကတော် များ (အပေါင်းအဖော်များ) နှင့် မည်သိူ့ စကားပြောဆိုပုံကို သိရှိရမည် ဖြစ်ပါတယ်။

ဆက်လက်ပြီး အေမာမ် အလီ (အ.စ) သည် မည်သည့် အခါ မှ မိမိ၏ သာဝကတော်များ ကို မနေ့က ဘာသင်ကြားခဲ့ကြောင်း မေးတော် မမူချေ။ ၎င်းတို့အား မနေ့ည က ဘာတွေ့ခဲ့သလဲ ? ဟုမိန့်တော်မူကြောင်း မိန့်ကြားတော်မူပါတယ်။

အာယာသွလ္လာဟ် ဂျဝါဒ်ဒီ အာမိုလီ က တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ပေးဆောင်ခဲ့သော အရာများထဲတွင် အရေးကြီးဆုံးအချက်မှာ ပညာ ၏ အရင်းအမြစ် မှာ ဟူဇူရီပညာ(သင်ကြားရသည့်ပညာ) ဖြစ်ကြောင်း ဟူဆူလီပညာ၏  (အလ္လာဟ်တိုက်ရိုက်ချီးမြှင့်သည့်ပညာ) ဖြစ်စေ ၊ ဟူဇူရီပညာ(သင်ကြားရသည့်ပညာ) ဖြစ် စေ ပထမအစ သည် မအ်ရေဖသ်သေနဖ်စ် (မိမိကိုယ်ကို သိမြင်ခြင်း ) မှ ဖြစ်ကြောင်း လူသည် အဓိပ္ပါယ်အားဖြင့် မဟုတ်ဘဲ မိမိကိုယ်မိမိ ကိုယ်တွေ သိရှိ ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် မှဆက်လက်ပြီး မနုဿ လူသည် မိမိကိုယ်သူ သိရှိလာ သည့် အခါ ၎င်းသည် စိတ်၏ ရုပ်ပုံမဟုတ်ဘဲ သူ၏ တကယ့်အပြင်ပန်းဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

တစ်ခါတစ်ရံ လူတစ်ဦးသည် ဗလီတစ်ခု သို့မဟုတ် လမ်းတစ်ခုအား စိတ်ကူးပုံဖော်ကာ အသိပညာ ဗဟုသုတဖြစ် သည့် ဟူဆူလီပညာ၏  (အလ္လာဟ်တိုက်ရိုက်ချီးမြှင့်သည့်ပညာ) ကိုရရှိပြီး  တစ်ခါတစ်ရံ မြင့်မြတ် သော အသိပညာဖြစ်သည့် ဤအရာများကို သူကိုယ်တိုင်အပြင်မှာ မြင်ရ ပြီး ဟူဇူရီပညာ( သင်ကြားရသည့်ပညာ) ရရှိပါတယ်။

ဤမရ်ဂျအ် သက္က်လီးဒ် တော်မှ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ပြီးနောက် အကြီးမြတ်ဆုံးသော ပညာရှင်မှာ ဟဇရသ် အလီ (အ.စ) ဖြစ်တော် မူကြောင်း အလ္လာဟ် ဟို အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် “ما للعالم اکبر منی” အဓိပ္ပာယ် မှာ တစ်ကမ္ဘာလုံးတွင် ငါနှင့်တူသော လူဟူ၍ မရှိပေ။ မိန့်တော် မူခဲ့ကြောင်း တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မှ "علی انفسنا" အဓိပ္ပာယ် မှာ အလီ (အ.စ) သည် ကျွန်ုပ်တို့၏  နဖ်စ်( ဝိညာဉ်) ဖြစ်သည် ဟု မိန့်ကြားခဲ့ကြောင်း လ္လာဟ် ဟို အရှင်မြတ်သည် လူသားတို့အား ပေးတော်မူသမျှ အားလုံး တို့ကို အလီ (အ.စ) အား ပေးသနား တော်မူခဲ့ပြီး ဖြစ်ကြောင်း အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) သည် ယနေ့ထိ သက်ရှိ ထင်ရှားရှိ နေဆဲဖြစ်ပြီး ကိုယ်တော် ၏ အမိန့်တော် များ ဖြစ်သည့် နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ကို နေ့စဉ်ဖတ်ရှု ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ပြီးနောက် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်ဒီ အာမိုလီ မှ ဟဇရသ် အလီ (အ.စ) မိန့်တော် မူသည် မှာ “ ဥစ္စာ ပစ္စည်းကို သုံးလျင် နည်းသွားပါသည်။ သို့သော် ပညာကို သုံးလျင် (သင်ပေးလျင်) ပိုတိုးလာပါသည်။”  ထိုပြင် တမန်တော်မြတ် (ဆွ) မှ ဤကဲ့သို့ “ကျွန်ုပ်သည် ငွေနှစ်ခါ ချေးပါက ဆဒ်ကဟ် ပေးခြင်းထက် ပို၍ သာလွန် ကြောင်း အကြောင်းမှာ  လူတို့၏ဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက် ပေးသည့် အတွက်ဖြစ်ကြောင်း ” မိန့်ကြား တော် မူထားသည့် ရီဝါယသ်တော် ကိုလည်း တွေ့ရကြောင်း မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251