အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher သတင်းဌာန၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အလီ ဖဒ်ဝီ က ပြောကြားခဲ့ပါသည်မှာ - ပြီးခဲ့သည့် ၁၃ လအတွင်း ဂါဇာရှိ အဖိနှိပ်ခံနှင့် ကူကယ်ရာမဲ့ ပါလက်စတိုင်းများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုများကြောင့် ဇီယွန်ဝါဒီအစိုးရ၏ စစ်မှန်သောမျက်နှာကို သိရှိရပြီး ဖြစ်ပါ တယ်။
ဗိုလ်ချုပ် ဖဒ်ဝီ မှ ဗစီးဂျ်ရက်သတ္တပတ် အချိန် အခါ တွင် ဘန်ဒဲရ်အဘာစ် မြို့ တွင် ဗစီးဂျ် သုံးထောင် စုဝေးသည့် စုဝေးပွဲတွင် မိန့်ခွန်းပြောကြားသည်မှာ - ပြီးခဲ့သောတစ်နှစ်အတွင်းတွင် ကမ္ဘာ့နိုင်ငံများ၏ ၉၀ ရာခိုင်နှုန်း တွင် အမေရိကနှင့် အစ္စရေးတို့ကို ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း အမေရိကန်ပြည် ထောင်စု အုပ်ထိန်းမှု အောက်ရှိ ရာဇ၀တ် သမား ဇီယွန်ဝါဒီအစိုးရသည် ကမ္ဘာလုံးဆိုင်ရာ အရှက်တကွဲ အကျိုးနည်းဖြစ်လာကြောင်း ပြောကြားခဲ့ ပါတယ်။
ဆက်လက်ပြီး အကြီးဆုံး ရှိုင်တွာန် ဖြစ်သည့် အမေရိကန် နှင့် ၎င်း၏ တရားမဝင် သား အစ္စရေး တိုသည် အစ္စလာမ် နိုင်ငံများ နှင့် မွတ်စလင်မ်များကို ဖျက်ဆီး ရန် အိုက်အက်စ် အိုင်အက်စ် အကြမ်းဖက် အဖွဲ့ ကို ထူထောင်ခဲ့သူများ ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အလီ ဖဒ်ဝီ က ပြောကြားခဲ့ပါတယ်။
ဤအခါသမယတွင် ရှဟီးဒ် ဗိုလ်ချုပ်ကြီး ကာစင်မ် စိုလိုင်းမာန်နီ သည် ကွင်းအတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း ဗစီးဂျ် သည် ရှဟီးဒ် ဗိုလ်ချုပ်ကြီး ကာစင်မ် စိုလိုင်းမာန်နီ ၏ ဦးဆောင်မှုအောက်တွင် ISIS ကို ဖျက်ဆီးရာ တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဆက်လက် ပြောကြားခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အမိန့်အတိုင်း နိုင်ငံတစ်ဝန်း လုံး တွင် ဗစီးဂျ် ဖြစ်လာသည် ဖြစ်ကြောင်း ဗစီးဂျ် သည် နယ်ပယ်တိုင်းရှိ ရန်သူများရှေ့တွင် ရပ်နေပြီး ၎င်းတို့၏ အစီအစဉ်များကို ပျက်ပြားစေ ခဲ့ကြောင်း မိမိတို့ အနေဖြင့် အေမာမ် ဇမာန်း (အ.ဂျ) ပွင့်တော်မူ သည့် အထိ ဗစီးဂျ် အဖြစ် ရပ်တည် ပြီး ပွင့်ဖို့ လမ်းကြောင်း ကို စီစဥ်ပေးကြမည် ဖြစ်ကြောင်း ထပ်လောင်း မိန့်ကြားခဲ့ပါတယ်။
ဗစီးဂျ် သည် အမြဲတစေ ပါဝင်လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဗစီးဂျ် သည် ဖိနှိပ်သူအား တိုက်နေချိန်တွင် အဖိနှိပ်ခံများကို ခုခံကာကွယ်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖဒ်ဝီမှ ပြောကြားခဲ့ပါတယ်။
.......................................................
END / 251