၂၅ နိုဝင်ဘာ ၂၀၂၄ - ၂၀:၁၉
နေတန်ယာဟုရဲ့ သေဒဏ်ကို ထုတ်ပြန်သင့်ပြီး  / ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မိန့်ခွန်းထဲက အရေးကြီး သည့် အချက်အချို့

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ဂါဇာနှင့် လက်ဘနွန်တွင် ဇီယွန်ဝါဒီအစိုးရ ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများကို ဖော်ပြခဲ့ပြီး ဇီယွန်ဝါဒီ အာဏာပိုင်များအား ဖမ်းဝရမ်း ထုတ်ခြင်းသည် မလုံလောက်ဘဲ သေဒဏ်ပေးသင့်သည်ဟု မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အဆိုအရ  အီရန် ပြည်သူ့တပ်မတော် (ခ) ဘစီးဂျီ အဖွဲ့ဝင်ထောင်ပေါင်းများစွာသည် တီဟီရန် မြို့တော် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ် ဘာရာ တွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  နှင့် နိုဝင်ဘာလ ၂၅ ရက်နေ့ တွင်တွေ့ဆုံခဲ့ကြပါတယ်။

ဤအခါသမယတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ၏ မိန့်ခွန်းကို နိုင်ငံတော်အသံလွှင့် ကွန်ရက် မှ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ၏ မိန့်ခွန်း၏ အရေးကြီးဆုံးအချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ (ခ) ပြည်သူ့တပ်မတော် (ခ) ဘစီးဂျီ တည်ထောင်ခြင်းသည် နိုင်ငံအတွင်း ထူးခြား သောဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၌မဆို ဤဖြစ်ရပ်ကို နမူနာပြရန် မရှိပါ။ ဤဖြစ်ရပ်သည် ထူးထူးခြားခြားဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။

(၂) ဤဖြစ်စဉ်သည် ကျွန်ုပ်တို့၏ အမျိုးသားယဉ်ကျေးမှုနှင့် သမိုင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါတယ်။ ၎င်းသည် ထာဝရတည်မြဲသော လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ပြသနေပါတယ။ ဤ အဖွဲ့အား အမြစ်ပြတ်ချေမှုန်းနိုင် မှာ မဖြစ်နိုင်ချေ။ အကြောင်း မှာ အီရန်လူမျိုးများသည် ဤအဖွဲ့ ၏ ဖြစ်စဥ်  သမိုင်းကြောင်းနှင့် နားလည် သဘော ပေါက်ကြသည့် အထောက်အထားတို့ကြောင့် ဖြစ်ပါတယ်။

(၃) ဘစီးဂျီ သည် တက်ကြွသော ယဉ်ကျေးမှု၊ လူမှုရေးနှင့် စစ်ရေးကွန်ရက်တစ်ခုဖြစ်ပါတယ်။

(၄) ဘစီးဂျီ သည် "အလ္လာဟ်ဟို အရှင်မြတ်အပေါ် အပြည့်အဝ ယုံကြည်ခြင်း " နှင့် "မိမိကိုယ်ကို အားကိုးခြင်း" ကိုအခြေခံထားပါတယ်။

(၅) ဤသစ်ပင်မှရသော အသီးအနှံအားလုံးသည် ဤအရာနှစ်ခု ("အလ္လာဟ်ဟို အရှင်မြတ်အပေါ် အပြည့်အဝ ယုံကြည်ခြင်း " နှင့် "မိမိကိုယ်ကို အားကိုးခြင်း " ) မှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ မိမိကိုယ်ကို အားကိုးခြင်း၏ ရလဒ်မှာ အလ္လာဟ်ဟို အရှင်မြတ် ထံ လက်အောက်ခံခြင်းနှင့် အလ္လာဟ် ဟို အရှင်မြတ် ၏ ကတိတော်များကို ယုံကြည်ခြင်း ဖြစ်ပါတယ်။

(၆)ရဲစွမ်းသတ္တိ၊ အစပြုမှု၊ လျှပ်စီးကြောင်းအမြန်နှုန်း၊ ကျယ်ပြန့်သောအမြင်နှင့် ရန်သူကို ဖော်ထုတ်ခြင်း နှင့်အမျိုးမျိုးသောပြဿနာများကို တုံ့ပြန်နိုင်စွမ်းသည်  ဘစီးဂျီ ၏ အခြား ဝိသေသ လက္ခဏာများ ဖြစ်ပါ တယ်။

(၇) ဘစီးဂျီ ၏ ဆန္ဒ နှင့် ဆုံးဖြတ်ချက်ချခြင်းကို လစ်လျူရှုမထားသင့်ပါ။

(၈) ကျွန်ုပ်တို့ အနေဖြင့် ဘစီးဂျီ ကို တန်ဖိုးထားပြီးတော့ ခိုင်မာ အောင် ပြုရမည် ဖြစ်ပါတယ်။

(၉) ကိုလိုနီစနစ်၏ အစီအစဉ်သည် လူကြီးမင်း (အီရန်နိုင်ငံသားများ) ၏ သမိုင်းနှင့် အထောက်အထားကို ငြင်းပယ်ရန်ဖြစ်ပါတယ်။ ဘစီးဂျီ သည် ၎င်းတို့ ကိုရင်ဆိုင်ရန်  တံတိုင်းတစ်ခုဖြစ်ပါတယ်။

(၁၀) ရန်သူ၏ ရည်မှန်းချက်များဖြင့် မတုန်မလှုပ်ခြင်း နှင့် မိမိကိုယ်ကိုအားကိုးခြင်းသည် ကမ္ဘာ့နယ်ချဲ့ အာဏာရှင် များ၏ ပရိယာယ်များဘေးမှ နိုင်ငံများကို ကာကွယ်ပေးသည့် အရည်အသွေးများ ဖြစ်ပါတယ်။

(၁၁) တိုင်းပြည်တွင်တွေ့ရှိရသော ဘစီးဂျီ စိတ်ဓာတ် နှင့် ကြံ့ကြံ့ခံခုခံ ခြင်း သည် ရန်သူများ၏ နိုင်ငံရေး လှုပ်ရှားမှုအားလုံးကို အနိုင်ယူနိုင် မည်မှာ သေချာပါတယ်။

(၁၂) အေမာမ် ခိုမေနီ (ရ.ဟ) သည် အစ္စလာမ့်တော်လှန်ရေး မအောင်မြင် မည် အလျင် မိမိ ၏ ၁၅ နှစ်တာ လှုပ်ရှားမှု နှင့် တော်လှန်မှုအတွင်း ဘစီးဂျီ စိတ်ဓာတ်ကို ပျိုးထောင်ခဲ့ပါတယ်။

(၁၃) ဘစီးဂျီ ယဉ်ကျေးမှုနှင့် အတွေးအမြင်များသည် လမ်းပိတ်ဆို့မှုများကို ဖြိုဖျက်ကာ လူငယ်များအား အဆုံးရောက် မှု သို့ မရောက်ရှိစေရန် တားဆီးပေးပါတယ်။

(၁၄) ဘစီးဂျီ  လူငယ်သည် ကြီးမားသော စွမ်းအားများ ၏ ကြွေးကြော်သံ ကို မတုန်လှုပ်ကြပါ။

(၁၅) ဘစီးဂျီ လူငယ်များ၏ စံနှုန်းများနှင့် ပန်းတိုင်များသည် ရှင်းရှင်းလင်းလင်းရှိပြီး ၎င်းတို့သည် သေခြင်းကို မကြောက်ကြပေ။

(၁၆) အီရန်နီ ဘစီးဂျီ အနေဖြင့် တစ်နေ့ကျရင် ဇီယွန်ဝါဒီအစိုးရကို ဖျက်ဆီးပစ်မယ်လို့ ယုံကြည်ကြပါတယ်။

(၁၇) ဂါဇာနှင့် လက်ဘနွန်တို့တွင် ဇီယွန်ဝါဒီအစိုးရလုပ်ခဲ့သည့်အရာသည် အောင်ပွဲတစ်ခုမဟုတ်ဘဲ စစ်ရာဇ၀တ်မှု တစ်ခုဖြစ်ပါတယ်။ အခု ဖမ်းဝရမ်းထုတ်ထားပါတယ်။  ဤ အမိန့်လောက်ကတော့  မလုံလောက်ပါဘူး။

(၁၈) နေတန်ယာဟုနဲ့ ဒီအစိုးရ၏ ရာဇ၀တ်ခေါင်းဆောင်များကို သေဒဏ်ပေးသင့်ပါတယ်။

(၁၉) ဒီနေ့ ကြံ့ကြံ့ခံ ခုခံမှု ရှေ့တန်းက ပြန့်နှံ့နေသလောက် နက်ဖြန်မှာ အဆများစွာ ပျံ့နှံ့သွားလိမ့်မယ်။

(၂၀) လူမိုက် ဇီယွန်ဝါဒီများသည် လူနေအိမ်များကို ဗုံးခွဲခြင်း၊ ဆေးရုံများကို ဗုံးခွဲခြင်း၊ လူစုလူဝေးများကို ဗုံးခွဲ တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် စစ်ပွဲကို အောင်နိုင်ပြီ ဟုထင်နေပါတယ်။ ကမ္ဘာပေါ်ရှိ မည်သူမျှ ဇီယွန်ဝါဒီများ အောင်ပွဲဟု လက်မခံကြချေ။

(၂၁) လက်ဘနွန်၊ ဂါဇာနှင့် ပါလက်စတိုင်းတို့တွင် မိမိ တို့၏ ရာဇ၀တ်မှုများကို ဇီယွန်ဝါဒီများက  ကြံ့ကြံ့ခံခုခံမှု ရှေ့တန်း အား ပျက်သိမ်းရန် ဖန်တီးကြပါတယ်။ သို့သော် အခြေအနေမှာ ဆန့်ကျင်ဘက်ဖြစ်ပြီး ကြံ့ကြံ့ခံ ခုခံမှု ရှေ့တန်းက ပိုမိုအားကောင်းလာပါတယ်။

(၂၂) ဤသည်မှာ ယေဘူယျအားဖြင့် စည်းမျဉ်းဖြစ်ပြီး၊ ရန်သူသည် ဂါဇာနှင့် လက်ဘနွန်တွင် အနိုင်မရပါ။

(၂၃) ရန်သူသည် ဂါဇာနှင့် လက်ဘနွန်တို့တွင် လည်း အောင်နိုင်လိမ့်မည် မဟုတ်ပေ။

.......................................................

END / 251